Thursday, 26 January 2012
Sunday, 22 January 2012
Saturday, 21 January 2012
BUDDHA AND THE SICK MONK
On one occasion, while visiting a monastery, the Compassionate.One entered a chamber where lay a Bhikkhu in great agony,suffering from a loathsome disease. And although there were many Bhikkhus present at the monastery, not one concerned himself about the sick brother.The Buddha beholding his woeful condition, at once began to mainister to him. He called Ananda and togetherthey bathed the suffered and eased him pain.Then theylifted him from his unclean bed and placed him upon a comfortable resting place.
Thereupon he admonished the monks at monastery for their negect. He enjoined them hereafter to nurse the sick suffering." Whosoever serves the sick and suffering,serves me", He concluded by saying/
Friday, 20 January 2012
နားလည်ကြပါ
ပဉ္စမာနိ ဘိက္ခဝေ ဌာနာနိ သမ္ပဿန္တာ
မာတာပိတရော ပုတ္တံ ဣစ္ဆ န္တိ ကုလေ ဇာယမာနံ။
ဘိက္ခဝေ-ပရိတ်သတ်လေးပါး ချစ်သားချစ်သမီးတို့၊ ပဉ္စ-ငါးမျိုးကုန်သော ၊ဣမာနိဌာနာနိ-ဤအကြောင်းတို့ကို၊
သမ္ပဿန္တာ-ကောင်းစွာမျှော်မြင်ကြကုန်းသော၊မာတာပိတရော-မိဘနှစ်ပါးတို့သည်၊ပုတ္တံ-သားသမီးကို၊ကုလေ- အမျိုး၌၊ဇာယမာနံ-ဖြစ်ထွန်းလာသည်ကို၊ ဣစ္ဆ န္တိ-မျှော်လင့်တောင်းတ အလိုရှိကြကုန်၏။
မိဘများသည် သားသမီးများ အပေါ်မှာ မျှော်လင့်ချက် ငါးမျိုးထားကြတယ်-
ကတမာနိ ပဉ္စ-မျှော်လင့်ချက် ငါးမျိုးဆိုတာ ဘာလဲ
၁။ဘတော ဝါ နော ဘရိဿတိ
နော-ငါတို့သည်(က)ဘတောဝါ-နို့ချိုတိုက်ကြွေးစသည်ဖြင့် မွေးမြူထားအပ်သော သားသမီးသည်မူလည်း၊
နော်-ငါတို့ကို၊(မဟလ္လကာလေ-အိုးမင်းမစွမ်းရာ အခါ၌) ၊ဘရိဿတိ-တဖန်ပြန်၍ လုပ်ကျွေးမွေးမြူလတ္တံ။
၂။ကိစ္စံ ဝါ နော ကရိဿတိ
နော-ငါတို့၏၊ကိစ္စံဝါ -မင်းစိုးရာဇာ စသည်နှင့်စပ်၍ဖြစ်လာသောကိစ္စအမှု့အခင်းကိုလည်း၊ကရိဿတိ-ငါတို့ကိုစား ပြုလုပ်ပေးကြလတ္တံ။
၃။ကုလဝံသော စိရံ ဌဿတိ
ကုလဝံသော -အမျိုးအနွယ်သည်၊စိရံ-ကြာမြင့်စွာ၊ဌဿတိ-တည်လတ္တံ။
ငါတို့ပိုင်ဆိုင်တဲ့ လယ်ယာရွှေငွေ စသောပစ္စည်းဥစ္စာကို မပျက်စီးစေဘဲ သားသမီးများက ဆက်လက်
ထိန်းသိမ်း စောင့်ရှောက်သွားလျှင် ငါတို့ အမျိုးအနွယ်ကြာရှည်တည်လတ္တံ။
မိဘတို့က အမြဲမပြတ် လှူဒါန်းနေကြ အလှူဒါန များကို သားသမီးများ တာဝန်ယူပြီး ဆက်လက်ထမ်းဆောင်ကြရင် ငါတို့ရဲ့ ဗုဒ္ဓဘာသာ သူတော်ကောင်းမျိုးရိုး မကွယ်ပျောက်ဘဲ ကြာမြင့်စွာတည်လတ္တံ။
၎။ဒါယဇ္ဇံ ပဋိပဇ္ဇိဿတိ။
ဒါယဇ္ဇံ-ငါတို့ရဲ့ အမွေဥစ္စာကို၊ ပဋိပဇ္ဇိဿတိ-ဆက်လက်ထိန်းသိမ်းစီမံ ပြုလုပ်ပေးကြလတ္တံ။
၅။အထဝါ ပန ပေတာနံ ကာလင်္ကတာနံ ဒက္ခိဏံ အနုပ္ပဒဿတိ။
အထ ဝါ ပန-ထိုမှတစ်ပါး၊ပေတာနံ-ဘဝတစ်ပါးပြောင်းသွားကြကုန်သော၊ကာလင်္ကတာနံ-ကွယ်လွန်ကုန်သော ငါတို့အား၊ဒက္ခဏံ-အလှူ၏အဖို့ကို၊ အနုပ္ပဒဿတိ-ပေးဝေကြကုန်လတ္တံ။
လူဆိုတာ ပတ်ဝန်းကျင်တစ်ခုထဲမှာ အမြဲတမ်းကျင်လည်နေရတယ်။လူ့ ပတ်ဝန်းကျင် လူ့အဖွဲ အစည်း လူ့အသိုင်းအဝိုင်းထဲမှာနေတဲ့ ပုဂ္ဂိုလ်တိုင်းသည် မိမိက သူတစ်ပါးကို မှီင်္ခိုသူဘဝနဲ့ နေထိုင်ရတာရှိသလို သူတစ်ပါးက မိမိကို မှီခိုပြီး နေထိုင်ကြရတာလည်း ရှိတယ်။
ဥပမာ-ငယ်ငယ်ရွယ်ရွယ် မွေးဖွားခါစ အချိန်မှာ သားသမီးများက မိဘတွေကိုမှီခိုပြီး ကြီးပြင်းကြရသလို
မိမိက အချိန်တန်လို့ လူလားမြော်ပြီး နေထိုင်နိုင်တဲ့ အရွယ်ရောက်ရင် မိမိရဲ့ ကျေးဇူးရှင် မိခင်ဖခင်တွေက အသက်အရွယ်ကြီးပြင်းလားပြီးဖြစ်တဲ့ အတွက် သားသမီးများကို တစ်ဖန်ပြန်ပြီး အမှီအခိုပြု နေထိုင်ရတယ်။
ဒီလိုနေထိုင်ကြရတော့-
လူနဲ့လူ့ပတ်ဝန်းကျင်မှာ ကိုယ်ပြုတဲ့ ကျေးဇူး၊သူတစ်ပါးပြုတဲ့ ကျေးဇူးဆိုတာတွေရှိလာတယ်။
ကျေးဇူးရှိရင် ကျေးဇူးဆပ်ဖို့ဆိုတာ လိုအပ်တာ အမှန်ပဲ။
တိုင်းပြည်ကို ချစ်မြတ်နိုးကြတဲ့ ပုဂ္ဂိုလ်တိုင်း တိုင်းပြည်ညှိုးမှိန်မသွားအောင် စောင့်ရှောက်ရသလို မျိုးရိုးကို မတိမ်ကောလိုသူတိုင်း မျိုးရိုးအစဉ်အလာကို ထိန်းသိမ်းကြရတယ်။ ဒီလိုပဲ သားသနာတော်ကို
မြတ်နိုးသူတိုင်းလည်း သာသနာမညှိုးမှိန်အောင် စောင့်ရှောက်ကြ ကြိုတင်ပြုကြရတယ်။
ဒါဟာ မြတ်နိုးသူတိုင်းရဲ့ တာဝန်ပဲ။ဒါကြောင့်-တာဝန်သိတိုင်း တာဝန်းထမ်းဆောင်ကြရတယ်။
ကျေးဇူးသိတတ်သူတိုင်း ကျေးဇူးဆပ်ကြရတယ်။
လူသားတို့သည် သူတစ်ပါးအပေါ် အဆိုးသာမြင် အပြစ်တင်လွယ်ပါ။သူတစ်ပါးကိုကျေးဇူးကို
သိသူကား နည်းပါးလှပါ၏။မိဘများနှင့်ဆက်ဆံသော အခါ အပြစ်ကိုမကြည့်ပဲကျေးဇူးကိုကြည့်တတ်ဖို့
တိုက်တွန်းပါသည်။
သိသူကား နည်းပါးလှပါ၏။မိဘများနှင့်ဆက်ဆံသော အခါ အပြစ်ကိုမကြည့်ပဲကျေးဇူးကိုကြည့်တတ်ဖို့
တိုက်တွန်းပါသည်။
အချိန်မလွန်ခင် သိစေချင်ပါသည်
Wednesday, 11 January 2012
မိဘကျေးဇူးဆပ် ကေဒါရ ကျေးမင်းဇာတ်
လူတိုင်လူတိုင်းမှာ အမိအဖ ဆိုတာ ရှိကြပါ၏။ အမိသည် သားသမီး သန္ဓေတည်းနေပြီဟု သိသည့်နေ့မှစ၍
သွားမှု၊ လာမှု၊ နေထိုင်မှု စားသောက်မှု စသည်တို့ကို သတိကြီးစွားဖြင့် သန္ဓေ အန္တရာယ် မရှိစေရန် ရှောင်ကြဉ်နေရ၏။ ချောမွေ့စွာလူ့လောက သို့ ဝင်ရောက်လာသောအခါမှာလည်း နို့ချိုတိုက်ကျွေးရသည်မှအစ သားငယ်သမီးငယ်တို့၏ အညစ်အကြေးဟူသမျှတို့ကို ကိုင်တွယ်၍ ပြုပြင်ရ ကျွေးမွေးရသည်မှာလည်းနေတတ်ထိုင်တက်သည့် အရွယ်ရောက်အောင်ပင် ပြုပြင်လုပ်ကိုင်ပေးရသည်။ ဤကဲ့သို့ ပြုပြင်လုပ်ကိုင်ပေးရသည့် အတွက် သားငယ်သမီးငယ်တို့၏ အညစ်အကြေးများသည် မသိမသာ မိခင်၏လက်သို့ ကပ်ပါလာပြီးလျှင် မိခင်၏ ဝမ်းတွင်းသို့ ဝင်ရောက်ခဲ့သည်မှာ (တစ်ကျပ်သား)ထက် နည်းပါးလှမည်မဟုတ်ပေ။ ထို့ကြောင့် တစ်ယောက်မွေးဖွား တစ်ကျပ်သား ဝင်ငြား မိခင်ဝမ်း ဟူ၍ အမိအဖတို့၏ ပြုစုခဲ့ရပုံ ကျေးဇူးကြီးမားခဲ့ပုံတို့ကို မှတ်တမ်းတင်ခဲ့ကြပေသည်။ဖခင်ကလည်း အထူးစောင့်ရှောက်ရ၏။
ဤကဲ့သို့ အမောင်တို့ အမိတို့ အပေါ်၌ အမောင်တို့ အမိတို့၏ မကောင်းဆိုးဝါး အညစ်အကြေးတွေ စင်ကြယ်အောင်သန့်ရှင်း ပြုစုခဲ့ရပုံတွေကိုလည်းကောင်း၊ အမောင်တို့ အ မိတို့ အတွက် အစားအသောက် ရှောင်ကြဉ်၍အငတ်ခံနေခဲ့ကြရပုံတွေကိုလည်းကောင်း၊အမောင်တို့ အမိတို့ အလိုလိုက်ပြီး အကြိုက်ကိုသာပေးခဲ့ရပုံတွေကိုလည်းကောင်း ၊ အရွယ်ရောက်လာပြန်က မစားရက် မသောက်ရက် စုဆောင်းထားခဲ့ကြသော ဓနငွေကြေးများစွားကို အကုန်အကျခံ ပညာသင်စေခဲ့ရပုံတွေကိုလည်းကောင် ၊ ရှေးအခါက ငယ်သေး၍ ယခု အခါ အရွယ်ရောက်လာပြီးဖြစ်၍ သိသင့်ကြပါပြီ။
အကယ်၍ မိဘကျေးဇူးကိုပြန်မဆပ် မူ ထိုသူသည် မာတာပိတု ဥပဋ္ဌာနံ မင်္ဂလာကင်းမဲ့၍ အ မင်္ဂလာ =မင်္ဂလာမရှိသောသူများဖြစ်ရာကား ပစ္စုပ္ပန် တမလွန်လောက၌ ချမ်းသာသုခ မင်္ဂလာကို မခံစားရတော့ပဲ ကြီးလေးသော ဒုက္ခနှင့်ရင်ဆိုင်ရတော့မှာ မလွဲနိုင်ပေ။ ထို့ကြောင်....
ကျေးဇူးကြွေး နှင့် ငွေးကြေး နှစ်ရပ် ပြန်မဆပ်သူ အားလုံးလူ လူမွဲဘဝတိုင်း ဟူသော သတိပေးချက်ဆောင်ပုဒ်ကို ရှေးဆရာတို့ရေးသားထားခဲ့ကြပေသည်။
နှစ်ပေါင်းများစွာကုန်ဆုံးခဲ့ပြီးဖြစ်သော ရှေးအခါက မာဂဓတိုင်း ရာဇဂြိုဟ် မြို့တော်ကြီး နှင့် အလွန်ဝေးကွားလှသော အရှေ့မြောက်အရပ်၌ သာလိဒ္ဒိယ အမည်ရှိသော ပုဏ္ဏားရွာကြီးတစ်ရွာ ရှိခဲ့ဖူး၏။
ထိုရွာကြီး၌ ကောသိယမည်သော ပုဏ္ဏားကြီးသည် သလေစပါးတို့ကို ပါယ်တစ်ထောင် စိုက်ပျိုးလုပ်ကိုင်၍ နေထိုင်လေသည်။ ကောသိယ ပုဏ္ဏားကြီးသည် အိမ်ရှိ သူစာရင်းငှားတို့ကို ပါယ်ငှားရာစောင့်ရှောက်စေ၍ ကျန်သော ပါယ်ငါးရာ တို့ကိုအခစားပေး၍ စောင့်ရှောက်စေ၏။
အလောင်းတော်ကျေးမင်းသည်လည်း လယ်တောနှင့် တစ်စပ်တည်းဖြစ်သော တောအတွင်း လက်ပံတောဝယ် အရံကျေးငှက်ပေါင်း ငါးရာ နှင့်တကွ မိဘများပါ အတူနေထိုင်ကြလေသည်။
တစ်နေ့သ၌ ခြွေရံကျေးငှက်တို့၏ ပြောဆိုချက်အရ သလေးစပါးများ မှည့်ဝင်းပြီးဖြစ်သော ကောသိယ ပုဏ္ဏားကြီး၏ သလေးလယ်သို့ ကျေးငှက်ပေါင်းစွာနှင့်တကွ ပျံသန်း၍စားသောက်ကြလေ၏။အခစားလယ်စောင့်ယောက်ျားသည်လည်း အမျိုးမျိုးခြောက်လှန့်ပါသော်လည်း မရ။ အခြားသော ကျေးသားများမှာ မိမိတို့တစ်ဝမ်းတစ်ခါးဝလျှင် ပျံသွားကြပါသော်လည်း အလောင်တော်ကျေးမင်းမှာမူကား မိမိစားပြီးသော်လည်း အိုးမင်းပြီးဖြစ်၍ အစာမရှာနိုင်သော အမိအဖများအတွက် နှုတ်သီးနှင့် တစ်ချို့ ခြေနှင့် တစ်မျိုး သယ်ယူ၍ပျံသွားလေသည်။
အခစားလယ်စောင့်ယောက်ျားသည် လယ်မှာ ကျေးသားတွေလာစားကြောင်း၊ ထိုအထဲတွင် လှလည်းလှ
ကြီးလည်းကြီးမာသော ကျေးသားတစ်ကောင်ကမူ စားရုံသာမဟုတ်ပဲ သလေးအချို့ကို ကိုက်ချီ၍ သယ်ယူသွားကြောင်း စေ့ငှစွာ ကောသိယပုဏ္ဏားကြီးအားပြန်ပြော၏။ သို့ဖြစ်မူ ထိုကျေးကို အရှင်မိအောင်ဖမ်းဟု ပုဏ္ဏားကြီးက စေခိုင်းသဖြင့် အမျိုးမျိုးထောင်ဖမ်းရာ တစ်နေ့သ၌ ကျေးမင်းသည် အမိခံလိုက်ရလေသည်။မိသောအခါ ပုဏ္ဏားကြီးအားဆက်သလိုက်လေသည် ။ကောသိယပုဏ္ဏားကြီးက ကျေးမင်းအား
၁။အို...လှပသော အမွေးအတောင် ၊ လှပသော နှုတ်သီး ၊ လှပသော မျက်လုံးရှိ၍ ချစ်စရာကြည်ညိုစရာကောင်းလှသော အမောင်ကျေးသား ။အခြားကျေးသားတို့မှာ ကိုယ့်ခန္ဓာနှင့် ဝမ်း မျှတလိုက်လျောကြပါလျှက် အမောင်၏ဝမ်းကာ ကိုယ်နှင့်မလိုက်အောင် ကြီးမားကျယ်ပြန့် လှသည်ဟု ထင်မိ၏။ အကြောင်းမူ..စားရုံသာမဟုတ် နှုတ်သီးဖြင့်သယ်ယူသွားရသောကြောင့် ဖြစ်၏။
၂။ မြရည်လိမ်းသုတ် စိမ်းစိုလှပသော အမွေးအတောင်ရှိသော အမောင်ကျေးသား သင်တို့
နေအိမ် လက်ပံပင်၌စပါးထည့်ထားရန် ကျီများဆောက်ထား၍ ကျီတွင်း၌ စပါးသွင်းရန် နှုတ်သီးဖြင့် သယ်ယူရပါသလော။
၃။ အိုး..လက်ပံတော၌ ချစ်စရာကောင်းလှသော ကျေးသားမောင် အမောင်ကျေးသားနှင့် ကျွန်ုပ် ရန်သူဖြစ်၍ ဖျက်လိုဖျက်ဆီးဖြစ်၍ ပြုလုပ်ချင်းဖြစ်ပါသလော။
ထိုအခါ ဘုရားလောင်းကျေးမင်းက ..ကရုဏာနှင် မေတ္တာမိုးရေ စိုပြေလှသော အို....ကောသိယပုဏ္ဏားကြီး စပါးထည့်ရန် ကျီးကျ လည်းမရှိပါ။ ကျွန်ုပ်နှင်သင်သည် မည်သည့်အခါမျှ ရန်သူလည်းမဖြစ်ခဲ့ဘူးပါ။ ကျွန်ုပ် ယူဆောင်သွားသောစပါးနှံများမှာ အချို့ကိုလည်းကြွေးဟောင်းဆပ်ပါတယ်။အချို့ကို ကြွေးသစ်ချပါတယ်။အချို့ကိုလက်ပံတော၌ပင်သုံးစွဲ၍ မကုန်နိုင်သောရွှေအိုးကြီးများကို မြုပ်နှံ၍ထားရပါသည်..ဟု ရှင်းလင်းစွာပြောကြာလိုက်၏။
ကောသိယ ပုဏ္ဏားကြီးသည် ဖြေကြားမှုကို နားမလည်းသင်ဖြင့်...အမောင်ကျေးသား ကြွေးဟောင်းဆပ်ပုံကိုလည်းကောင်း၊
ကြွေးသစ်ချပုံကိုလည်းကောင်း၊ရွှေအိုးမြုပ်နှံရပုံကိုလည်းကောင်း ရှင်လင်းစွာပြောပြပါဟု ပြောဆိုသောအခါ
ကြွေးသစ်ချပုံကိုလည်းကောင်း၊ရွှေအိုးမြုပ်နှံရပုံကိုလည်းကောင်း ရှင်လင်းစွာပြောပြပါဟု ပြောဆိုသောအခါ
ကျေးမင်းက...အို...တရားပြည့်ဝလှသော ကောသိယပုဏ္ဏားကြီး ကြွေးဟောင်ဆပ်ရသည် ဆိုသည်မှာ သားငယ်သမီးငယ်တို့ ငယ်ရွယ်နုနယ်သောအချိန်ကာလက ကျေးဇူးရှင် အမိအဘတို့ ပြုစုခဲ့သော ကျွေးမေးခဲ့သော ကြွေးဟောင်းတွေဟာ သားသမီးများအပေါ်မှာ အမြဲတင်ရှိနေပါသည်။သားသမီးများ အရွယ်ရောက်သောအခါ (ကျွေးတုံ့၊ကျွေးလှဲ့။ပြုတုံ့၊ပြုလှဲ့)ဆိုသလို အမိအဖတို့ ပြုစုခဲ့ ကျွေးမွေးခဲ့တဲ့ ကျေးဇူးတွေကို ကြွေးဟောင်းဆပ်ရသလို ပြန်လည်၍ ကျွေးမွေးပြုစုရတာကို ကြွေးဟောင်းဆပ်သည်ဟုဆိုလိုပါသည်။
အမိအဖတို့၏ ပြုစုခဲ့ကျွေးမွေးခဲ့သော ကြွေးဟောင်းတွေကို ပြန်လည်၍ လုံးဝမဆပ်ပဲ ကြွေးတင်ခံ၍နေကြသော သားသမီးတို့မှာ ကြွေးမကြေသော သားသမီး၊ကျက်သရေမင်္ဂလာကင်းမဲ့သော သားသမီးဆိုး သားသမီးယုတ်များဖြစ်ကြ၍ အသက်ရှည်သမျှကာလပတ်လုံးချမ်သာသုခခံစားခွင့်မရနိုင်ပါ။ဘယ်လိုပင် ပစ္စည်းဥစ္စာရှာဖွေစုဆောင်းပါသော်လည်း (သောင်ပြင် ရေမတင်သကဲ့သို့) ဖြစ်တတ်ခြင်း ချမ်းသာသုခခံစားခွင့် မလုံလောက်ခြင်း၊လူနတ်မုန်းကြခြင်း၊ကဲ့ရဲ့ခြင်း။နှောက်ယှက်သူပေါများခြင်းစသောဆိုးဝါးလှသော
အပြစ်အနားအဆာတို့သည် ကျေးဇူးမဆပ်၊ကြွေးမကျေသောသူတို့မှာ ဝဝိုင်းဝိုင်လည်း၍သာနေတတ်ပါသည်။
အပြစ်အနားအဆာတို့သည် ကျေးဇူးမဆပ်၊ကြွေးမကျေသောသူတို့မှာ ဝဝိုင်းဝိုင်လည်း၍သာနေတတ်ပါသည်။
သို့ဖြစ်၍ အရေးကြီးဆုံး မိဘကြွေးကို ဦးစားပေးဆပ်ရပါသည်။ဆပ်၍မကျေနိုင်သော်လည်း တတ်နိုင်သလောက် ဆပ်နေရပါသည်ဟု ရှင်းပြလိုက်လေသည်။
ကြွေးသစ်ချပေးသည်ဆိုသည်မှာ..ငယ်ရွယ်သောသားငယ်သမီးငယ်တို့ကို ကျွေးမွေးရ ပြုစုရသည်ကို
ကြွေသစ်ချသည်ဟုဆိုလိုပါသည်။ထပ်၍ရှင်းပြဦးအံ့ ..သားငယ်သမီးငယ်တို့ အရွယ်ရောက်သောအခါ ကျွေးမွေးခဲ့သော မိအိုဖအိုတို့အား အတုံ့အလှဲ့ ကျွေးမွေးပြုစုစေရန် သားငယ်သမီးငယ်တို့အား တင်ကြို၍ ကျွေးမွေးထားရသည်ကို ကြွေးသစ်ချသည်ဟုဆိုလိုပါသည်။
ကြွေသစ်ချသည်ဟုဆိုလိုပါသည်။ထပ်၍ရှင်းပြဦးအံ့ ..သားငယ်သမီးငယ်တို့ အရွယ်ရောက်သောအခါ ကျွေးမွေးခဲ့သော မိအိုဖအိုတို့အား အတုံ့အလှဲ့ ကျွေးမွေးပြုစုစေရန် သားငယ်သမီးငယ်တို့အား တင်ကြို၍ ကျွေးမွေးထားရသည်ကို ကြွေးသစ်ချသည်ဟုဆိုလိုပါသည်။
ရွှေအိုးမြုပ်သည်ဆိုရာမှာ..လက်ပံပင်တော၌ ကျွေးမွေးသူ စောင့်ရှောက်သူ ကင်းမဲ့သောငှက်များ၊ အိုမင်းမစွမ်းနိုင်သောငှက်များ၊ မကျန်းမာသောငှက်များ အသီးသီးရှိကြပါကုန်၏။ ထိုငှက်တို့အား ကျွန်ုပ်ချီယူခဲ့သော စပါးနှံများမှ အချို့ကို ခွဲဝေ၍ လှူဒါန်းကြွေးမွေးရသည်ကို သုံးစွဲ၍ မကုန်သော ရွှေအိုးများ မြုပ်သည်ဟု ဆိုလိုပါသည်။
ဤကဲ့သို့ အလောင်းတော် ကေဒါရကျေးမင်းက ရှင်းပြလိုက်သောအခါ ကောသိယပုဏ္ဏားကြီးသည် လွန်စွာသဘောကျလှသဖြင့် ဤကျေးငှက်၏စကားများသည် လွန်စွာပင် မှန်ကန်ကောင်းမွန်လှပေ၏၊ တန်ဖိုးရှိလှပေစွ၊အတုယူသင့်လှပါပေစွတကား၊ ဤကျေးငှက်သည် ကောင်းသောကိုယ်ကျင့်တရားရှိပါပေစွတကား။
ကောသိယပုဏ္ဏားကြီးသည် အလောင်းတော်ကျေးမင်း၏ စကားများကို အလွန်နှစ်သက်မြတ်နိုးလှသောကြောင့် ကျေးသားတို့၏ အစာ အလို့ငှာ ပါယ်တစ်ထောင် စပါးခင်းလယ်ကို လှူဒါန်းလိုက်လေတော့သည်။
အလောင်းတော်ကျေးမင်းသည်ကား(ရှစ်ပါယ်)မျှသာ ယူပြီး အကျန်ကိုမူ ပုဏ္ဏားကြီးအားပြန်ပေးခဲ့၏။ အလောင်းတော်ကျေးမင်းက ပုဏ္ဏားကြီးအား....ပုဏ္ဏားကြီး..အမိအဖတို့ကို ပြုစုလုပ်ကျွေးရန် မမေ့ပါနှင့်..ဟုတရားဟောပြီးလက်ပံတောသို့ပြန်သွားလေးတော့သတည်း။
လူ့ခေတ်မကုန်ဆုံးသမျှ ကျွေးမွေးမှု ထောက်ပံ့မှု ကူညီစောက်ရှောက်မူ နှစ်စဉ်ဝါဆိုဦး၊သီတင်းကျွတ်၊မဟာသင်္ကြန်အခါတို့၌သက်ကြီးမိဘဆရာသမား
ကန်တော့မှုစသည်တို့ကိုပြုလုပ်ကြစေရန်အတွက်လည်းကောင်း၊မိခင်ဖခင်တို့၏ကျေးဇူးတရားကို
နားလည်းစေရန်လည်းကောင်း ဤကေဒါရဇာတ်တော်ကိုတင်ပြလိုက်ရပါသည်။
ကန်တော့မှုစသည်တို့ကိုပြုလုပ်ကြစေရန်အတွက်လည်းကောင်း၊မိခင်ဖခင်တို့၏ကျေးဇူးတရားကို
နားလည်းစေရန်လည်းကောင်း ဤကေဒါရဇာတ်တော်ကိုတင်ပြလိုက်ရပါသည်။
အချိန်မလွန်ခင်သိစေချင်ပါသည်
Tuesday, 10 January 2012
ဘုရားရှိခိုးရခြင်း(ဗုဒ္ဓါနုဿတိ ဘာဝနာပွားများရခြင်း)၏ အကျိုးကျေးဇူးများ
၁။ ဘုရားရှုင်၌ ရိုသေခြင်း၊ တုပ်ဝပ်ကျိုးနွံခြင်း ရှိ၏။
၂။ (က) ရတနာသုံးပါ၌ ယုံကြည်မူ့၊ ကံကံ၏ အကျိုး၌ ယုံကြည်မူ့ သဒ္ဓါတရားများတိုးပွားလာ၏။
(ခ) အမှတ်သတိကောင်းလာ၏။
(ဂ) ဥာဏ်ပညာ ထက်မြက်လာ၏။
(ဃ) ကုသိုလ် တရားတိုးပွားလာ၏။
၃။ နှစ်သက်ခြင်း ပီတိ၊ ၀မ်းမြောက်ခြင်း ပါမောဇ္ဇ တရားများ တိုးပွားလာ၏။
၎။ (က) ဘေးကြီး ဘေးငယ်များ ရင်ဆိုင်ရဲလာ၏။
(ခ) တွေ့ကြုံလာသော ဒုက္ခများကို သည်းခံနိုင်လာ၏။
၅။ ဘုရားရှင်နှင့် အတူနေရသလို မှတ်ထင်လာ၏။
၆။ ဂုဏ်တော်ပွားခြင်းဖြင့် ထုံမွမ်းထားသော ထိုသူ၏ ကိုယ်သည်လည်းစေတီအိမ်ပမာပူဇော်ခြင်းငှါ ထိုက်လာ၏။
၇။ ဘုရားအဖြစ်၌ စိတ်ညွတ်လာ၏။
၈။ မကောင်းမှုပြုရန် အခွင့်ကြုံလာသော်လည်း မိမိ၏ ရှေ့မှောက်၌ ဘုရားရှင်ကို ဖူးမြင်နေရသကဲ့သို့ ဖြစ်ကာ အရှက်အကြောက် တရားများ ဖြစ်ပွားလာ၏။
၉။ ယခုဘ၀ အထက်မဂ် ဖိုလ် မရသည်ရှိသော် သုဂတိ ဘ၀သို့ လားရောက်ရ၏။
(၀ိသုဒ္ဓိမဂ္ဂ၊ ၁၊ ၂၀၆)
၂။ (က) ရတနာသုံးပါ၌ ယုံကြည်မူ့၊ ကံကံ၏ အကျိုး၌ ယုံကြည်မူ့ သဒ္ဓါတရားများတိုးပွားလာ၏။
(ခ) အမှတ်သတိကောင်းလာ၏။
(ဂ) ဥာဏ်ပညာ ထက်မြက်လာ၏။
(ဃ) ကုသိုလ် တရားတိုးပွားလာ၏။
၃။ နှစ်သက်ခြင်း ပီတိ၊ ၀မ်းမြောက်ခြင်း ပါမောဇ္ဇ တရားများ တိုးပွားလာ၏။
၎။ (က) ဘေးကြီး ဘေးငယ်များ ရင်ဆိုင်ရဲလာ၏။
(ခ) တွေ့ကြုံလာသော ဒုက္ခများကို သည်းခံနိုင်လာ၏။
၅။ ဘုရားရှင်နှင့် အတူနေရသလို မှတ်ထင်လာ၏။
၆။ ဂုဏ်တော်ပွားခြင်းဖြင့် ထုံမွမ်းထားသော ထိုသူ၏ ကိုယ်သည်လည်းစေတီအိမ်ပမာပူဇော်ခြင်းငှါ ထိုက်လာ၏။
၇။ ဘုရားအဖြစ်၌ စိတ်ညွတ်လာ၏။
၈။ မကောင်းမှုပြုရန် အခွင့်ကြုံလာသော်လည်း မိမိ၏ ရှေ့မှောက်၌ ဘုရားရှင်ကို ဖူးမြင်နေရသကဲ့သို့ ဖြစ်ကာ အရှက်အကြောက် တရားများ ဖြစ်ပွားလာ၏။
၉။ ယခုဘ၀ အထက်မဂ် ဖိုလ် မရသည်ရှိသော် သုဂတိ ဘ၀သို့ လားရောက်ရ၏။
(၀ိသုဒ္ဓိမဂ္ဂ၊ ၁၊ ၂၀၆)
မြတ်ဗုဒ္ဓ၏ တရားဦး
တရားဦး ဓမ္မစက်မှာ အနှစ်သာရ (၃)ချက်ရှိပါတယ်။
၁။ ရှောင်ရှားရန် အစွန်းနှစ်ဘက်၊
၂။ လိုက်နာရန် အလယ်လမ်းနှင့်
၃။ ထိုးထွင်းသိမြင်ရာ သစ္စာ(၄) ပါးတို့ ဖြစ်ကြပါတယ်။
သစ္စာတရား လေးပါး ရှိပါတယ်။
ဒီသစ္စာတရား လေးပါးကို တကယ်တမ်း မသိကြလို့ မကျင့်နိုင်ကြလို့ သတ္တဝါတွေဟာ ဘဝအသစ် အသစ်တွေကို တွယ်တာပြီး သံသရာကြီးထဲမှာ တပင်တပန်း ပြေးလွှားကျင်လည်နေကြရရှာတယ်ဆို
တာ ဗုဒ္ဓက သိတော်မူတဲ့အတွက် ဗုဒ္ဓ ပထမဆုံး ဟောပြောပြသတဲ့ ဓမ္မစကြာတရားတော်မှာ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ ဆိုတဲ့ သစ္စာလေးပါးကို ထည့်သွင်း ညွှန်ပြထားခြင်း ဖြစ်ပါတယ်။
ဒုက္ခသစ္စာ (ဆင်းရဲခြင်းအမှန်) တရားကို မူတည်၍ ဟောကြားအပ်သော ဓမ္မစကြာတရားတော်ကား ဗုဒ္ဓကိုယ်တော်တိုင် ပထမဆုံး ဟောပြောပြသည့် တရားဓမ္မ ဖြစ်ပါတယ်။
ဆင်းရဲခြင်း၏ သဘောအဓိပ္ပာယ်ကို အခြေခံသိရှိအောင် ရှင်းပြပါမယ်။
ဣဒံ ခေါပန ဘိက္ခဝေ ဒုက္ခံ အရိယ သစ္စံ၊
ဇာတိပိဒုက္ခာ၊ ဇရာပိဒုက္ခာ၊
ဗျာဒိပိဒုက္ခော၊ မရဏမ္ပိဒုက္ခံ၊
အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊
ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော၊
ယမ္ပိစ္ဆံ နလဘတိ တမ္ပိဒုက္ခံ၊
သံ ခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။
(၁)
ဇာတိပိဒုက္ခာ
အမိဝမ်းတွင်း၌ သန္ဓေတည်နေရခြင်း၊ မွေးဖွားရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Birth is suffering.
(၂)
ဇရာပိဒုက္ခာ
အိုမင်း ရင့်ရော်ရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Aging is suffering.
(၃)
ဗျာဓိပိဒုက္ခာ
နာရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Sickness is suffering.
(၄)
မရဏမ္ပိဒုက္ခံ
သေခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Death is suffering.
Sorrow and lamentation, pain, grief and despair are suffering.
(၅)
အပိယေဟိ သမ္ပယောဂေါ ဒုက္ခော
မချစ်မနှစ်သက်သောသူတို့နှင့် အတူတကွ ပေါင်းသင်းနေထိုင်ရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Association with the unpleasant is suffering.
(၆)
ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော
ချစ်သောသူတို့နှင့် ကွေကွင်းရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Dissociation from the pleasant is suffering.
(၇)
ယမ္ပိစ္ဆံ နလမဘတိ တံပိ ဒုက္ခံ
လိုချင် တောင့်တအပ်သည်ကို မရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Not to get what one wants is suffering.
ဒါဟာ ဗုဒ္ဓတရားရဲ့ မူလ အခြေခံအကြောင်းဖြစ်တဲ့ ဆင်းရဲခြင်း အမှန်တရား (ဒုက္ခသစ္စာ)ရဲ့ သဘောပါပဲ။
သစ္စာလေးပါးကို ရှင်းပြပါမယ်
ဒုက္ခသစ္စာ (ဆင်းရဲခြင်းအမှန်) တရားကို မူတည်၍ ဟောကြားအပ်သော ဓမ္မစကြာတရားတော်ကား ဗုဒ္ဓကိုယ်တော်တိုင် ပထမဆုံး ဟောပြောပြသည့် တရားဓမ္မ ဖြစ်ပါတယ်။
ဆင်းရဲခြင်း၏ သဘောအဓိပ္ပာယ်ကို အခြေခံသိရှိအောင် ရှင်းပြပါမယ်။
ဣဒံ ခေါပန ဘိက္ခဝေ ဒုက္ခံ အရိယ သစ္စံ၊
ဇာတိပိဒုက္ခာ၊ ဇရာပိဒုက္ခာ၊
ဗျာဒိပိဒုက္ခော၊ မရဏမ္ပိဒုက္ခံ၊
အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊
ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော၊
ယမ္ပိစ္ဆံ နလဘတိ တမ္ပိဒုက္ခံ၊
သံ ခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။
(၁)
ဇာတိပိဒုက္ခာ
အမိဝမ်းတွင်း၌ သန္ဓေတည်နေရခြင်း၊ မွေးဖွားရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Birth is suffering.
(၂)
ဇရာပိဒုက္ခာ
အိုမင်း ရင့်ရော်ရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Aging is suffering.
(၃)
ဗျာဓိပိဒုက္ခာ
နာရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Sickness is suffering.
(၄)
မရဏမ္ပိဒုက္ခံ
သေခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Death is suffering.
Sorrow and lamentation, pain, grief and despair are suffering.
(၅)
အပိယေဟိ သမ္ပယောဂေါ ဒုက္ခော
မချစ်မနှစ်သက်သောသူတို့နှင့် အတူတကွ ပေါင်းသင်းနေထိုင်ရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Association with the unpleasant is suffering.
(၆)
ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော
ချစ်သောသူတို့နှင့် ကွေကွင်းရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Dissociation from the pleasant is suffering.
(၇)
ယမ္ပိစ္ဆံ နလမဘတိ တံပိ ဒုက္ခံ
လိုချင် တောင့်တအပ်သည်ကို မရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Not to get what one wants is suffering.
ဒါဟာ ဗုဒ္ဓတရားရဲ့ မူလ အခြေခံအကြောင်းဖြစ်တဲ့ ဆင်းရဲခြင်း အမှန်တရား (ဒုက္ခသစ္စာ)ရဲ့ သဘောပါပဲ။
သစ္စာလေးပါးကို ရှင်းပြပါမယ်
(၁) ဒုက္ခသစ္စာ
The Noble True of suffering.
မွေးဖွားခြင်း ဆင်းရဲ၊ အိုရခြင်း ဆင်းရဲ၊ နာရခြင်း ဆင်းရဲ၊ သေရခြင်း ဆင်းရဲ၊ ဝမ်းနည်းရခြင်း၊ ပူပန်ရခြင်း၊ နာကြည်းရခြင်း၊ ကြေကွဲရခြင်း ဆင်းရဲနှင့် လိုချင် တောင့်တရာ မရ၍ ဆင်းရဲခြင်း ဆိုပြီး အချုပ်အားဖြင့် ဆင်းရဲခြင်း အကြောင်းတရား ငါးမျိုးကို ဒုက္ခသစ္စာလို့ ခေါ်ပါတယ်။
(၂) သမုဒယသစ္စာThe Noble True of the origin of suffering.
ဆင်းရဲခြင်း၏ အကြောင်းဖြစ်တဲ့ တပ်မက်တွယ်တာမှု အမှန်တရား ဖြစ်တယ်။
ဒီတရားသဘောဟာ ဆင်းရဲခြင်းကို ဧကန် ဖြစ်စေတယ်လို့ ဗုဒ္ဓက ညွှန်ပြပါတယ်။
ဘဝအသစ်၌ တဖန် ဖြစ်ရန် တပ်မက်တွယ်တာခြင်း၊ တဏှာလောဘနှင့် ယှဉ်၍ ဖြစ်စေ၊ ရာဂနှင့် ယှဉ်၍ ဖြစ်စေ တပ်မက် တွယ်တာခြင်းမျိုးတွေဟာ သမုဒယသစ္စာ ဆိုတဲ့ အမှန်တရားတစ်ခုပဲ ဖြစ်တယ်။
(၃) နိရောဓသစ္စာ The Noble True of the Cessation of suffering.
ဒုက္ခအပေါင်း၏ ချုပ်ငြိမ်းရာဖြစ်ကြောင်း သိအပ် မြင်အပ်တဲ့ အမှန်တရားကို ခေါ်ဆိုခြင်း ဖြစ်တယ်။
တဏှာလောဘကို ပယ်နိုင်ဖို့၊ စွန့်နိုင်ဖို့၊ ခွာနိုင်ဖို့၊ ဖြတ်တောက်နိုင်ဖို့ သိမြင် အားထုတ်အပ်တဲ့ အမှန်တရားလို့ ဆိုလိုပါတယ်။
(၄) မဂ္ဂသစ္စာThe Noble True of the Path leading to the Cessation of suffering.
သည် မဂ္ဂသစ္စာ ဆိုတဲ့ အမှန်တရားကတော့ ဒုက္ခ၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ကို ဆိုလိုပါတယ်။
တနည်းပြောရရင် ၃၁ ဘုံက ထွက်မြောက်ရာ လမ်းပါပဲ။
သည်ကျင့်စဉ်မှာ ပါရှိတဲ့ လမ်းရှစ်သွယ်ကတော့ -
Right view- ကောင်းစွာ သိမြင်ခြင်း၊Right thought- ကောင်းစွာ ကြံစည်ခြင်း၊Right speech- ကောင်းစွာ ပြောဆိုခြင်း၊Right action ကောင်းစွာ ပြုမူနေထိုင်ခြင်း၊Right livelihood ကောင်းစွာ အသက်မွေးခြင်း၊Right effort- ကောင်းစွာ အားထုတ်ခြင်း၊Right mindfulness- ကောင်းစွာ အောက်မေ့ခြင်း နှင့်Right concentration- ကောင်းစွာ တည်ကြည်ခြင်းတို့ပဲ ဖြစ်ပါတယ်။ မဂ္ဂင်ရှစ်ပါးလို့လည်း ခေါ်ပါတယ်။
နောက်ဆုံး ပြောခဲ့တဲ့ မဂ္ဂင်ရှစ်ပါးကို အစု သုံးစု ခွဲလို့ ရပါတယ်။
ပညာ၊ သိက္ခာနဲ့ သမာဓိ ဆိုတဲ့ အစု သုံးစု ဖြစ်ပါတယ်။
ပထမအစုမှာ ပါတဲ့ လမ်းနှစ်သွယ်ကတော့ ကောင်းစွာ သိမြင်ခြင်း၊ ကောင်းစွာ ကြံစည်ခြင်းတို့ပဲ ဖြစ်ပါတယ်။
ဒုတိယအစုမှာ ပါတာကတော့ ကောင်းတာ ပြောဆိုခြင်း၊ ကောင်းစွာ ပြုလုပ်ခြင်း၊ ကောင်းစွာ အသက်မွေးခြင်းဆိုတဲ့ ကျင့်စဉ် သုံးမျိုး ဖြစ်ပါတယ်။
တတိယအစုမှာ ပါတာကတော့ ကောင်းစွာ အားထုတ်ခြင်း၊ ကောင်းစွာ အောက်မေ့ခြင်း၊ ကောင်းစွာ တည်ကြည်ခြင်း ဆိုတဲ့ စူးစိုက်ခြင်း သုံးမျိုးပဲ ဖြစ်ပါတယ်။
ဗုဒ္ဓက သည် မဂ္ဂင်ရှစ်ပါး ကျင့်စဉ် ရှစ်မျိုးကို အလယ်အလတ် ကျင့်စဉ်လို့ ညွှန်ပြခဲ့တယ်။
အလယ်အလတ် ကျင့်စဉ်လို့ ဆိုရတဲ့ အကြောင်းကတော့ သည်လမ်းစဉ်ဟာ အစွန်းနှစ်ဖက်ကို ရောက်အောင် မသွားဘဲ အစွန်းနှစ်ဖက်ကို ပယ်ဖို့ပါပဲ။
ဘယ်လို အစွန်းတွေပါလဲ။
အစွန်းတစ်ခုကတော့ လောကကြီးရဲ့ သာယာမှုတွေမှာ နစ်မြုပ်ပြီး သံသရာက လွတ်ရာလွတ်ကြောင်းကို မေ့လျော့နေခြင်း ဆိုတဲ့ အစွန်းတစ်ဖက်၊
တစ်ဖက် အစွန်းတစ်ခုကတော့ မိမိကိုယ်မိမိ အလွန်အကျူး ညှင်းပန်း နှိပ်စက်ပြီး လောကကြီးက စွန့်ခွာနိုင်ဖို့ ကြိုးစားနေတဲ့ အစွန်း ဖြစ်တယ်။
သည်နှစ်ပါးမှာ ပထမအစွန်းဟာ လောကအာရုံတွေကို အလွန်အကျူး ခင်တွယ်နေတဲ့အတွက် သည်လောကကြီးက မလွတ်မြောက်နိုင်ဘူး။
ကာမချမ်းသာကိုသာ အဖန်တလဲလဲ ခံစားခြင်းဖြစ်လို့ ဗုဒ္ဓက ငြင်းပယ်ပါတယ်။
ဒုတိယအစွန်းကတော့ မိမိကိုယ်၏ ပင်ပန်းခြင်းကို အဖန်တလဲလဲ ဖြစ်စေတတ်ပြီး သည်လောကကြီးက လွတ်မြောက်အောင် မဆောင်ရွက်နိုင်တဲ့အတွက် ဗုဒ္ဓက ပယ်ခြင်း ဖြစ်ပါတယ်။
ဒါကြောင့် ဗုဒ္ဓက အထက်မှာ ပြောခဲ့တဲ့ မဂ္ဂင်ရှစ်ပါးကို အလယ်အလတ်ကျင့်စဉ်လို့ ညွှန်ပြခြင်း ဖြစ်ပါတယ်။
ဒုက္ခကို ချုပ်ငြိမ်းအောင် ပြုလုပ်တဲ့နည်းကို လက်တွေ့ဥပမာနဲ့ ပြောရရင်
အနာရောဂါတစ်ခုကို ပျောက်ကင်းအောင် ရောဂါရဲ့ အကြောင်းရင်းကို ရှာပြီး သည်ရောဂါနဲ့ ကိုက်ညီမယ့် ဆေးဝါးကို အသုံးပြု ကုသရတဲ့ ဥပမာပါပဲ။
ဒုက္ခဟာ ရောဂါဆိုပါတော့။ ရောဂါဖြစ်ရခြင်း အကြောင်းရင်းကို သိအောင် လုပ်ရသလို ဒုက္ခ ဖြစ်ရာဖြစ်ကြောင်း၊ တပ်မက်တွယ်တာမှုတွေကို တွေ့အောင် ရှာရပါတယ်။ သိအောင် မြင်အောင် လုပ်ရပါတယ်။
တွေ့ပြီဆိုတော့ အနာရောဂါတစ်ခုကို ပျောက်ကင်းနိုင်မယ့် ဆေးကို ရှာဖွေရသလို ဆေးနဲ့တူတဲ့ နည်းလမ်းကို ရှာရပါတယ်။
နောက်ဆုံး သည်ဆေးနဲ့ ပျောက်အောင် ကု ရသလို ဒုက္ခမှ လုံးလုံးလျားလျား လွတ်မြောက်အောင် သွားနိုင်တဲ့ အကျင့်ကို လက်တွေ့ ကျင့်ရပါတယ်။
သည်အကျင့်ကို အထက်က ပြောခဲ့တဲ့အတိုင်း အလယ်အလတ် အကျင့်လို့ ခေါ်ပြီး လမ်းရှစ်ပါး ပါဝင်ကြောင်း ညွှန်ပြခဲ့ခြင်း ဖြစ်ပါတယ်။
ဒီမျှဆိုရင် ဗုဒ္ဓဟာ သတ္တဝါများအပေါ် အဘယ်မျှလောက် ကရုဏာ ကြီးမားတော်မူတယ်ဆိုတာ ဓမ္မမိတ်ဆွေတို့ စဉ်းစားလို့ ရလောက်ပြီ ထင်ပါတယ်။
သည်ဘဝကနေပြီး အဖန်တလဲလဲ ဆင်းရဲကျင်လည်နေရမယ့် သံသရာမှ လွတ်မြောက်ရာ လမ်းကို ဗုဒ္ဓက ညွှန်ပြတော်မူခဲ့ပါတယ်။’
ဤသည့် ဒုက္ခ၊ သမုဒယ၊ နိရောဓ၊ မဂ္ဂ ဟူသော ဓမ္မအနှစ်လေးခုတို့သည်
သမ္မာသမ္ဗုဒ္ဓရှင်တော်မှ လွဲလျှင်
မည်သည့်တန်ခိုးရှင်တို့မှ မည်သည့်ပညာရှိတို့မှ မဟောပြနိုင်၊ မတည်ထွင်နိုင်၊
မသိရှိနိုင်၊ ဖျက်ဆီး မပြစ်နိုင်၊ ပြောင်းပြန်မလှန်နိုင်အောင် ပကတိ တည်တည်ခန့်ခန့်
အစဉ်အမြဲသာ ပြောင်းလဲမရှိ မှန်၍ မှန်၍နေသောကြောင့် သစ္စာတရားတို့ဖြစ်ကြပါတယ်။
ဤသစ္စာတရားတို့၌
သိခြင်း၊
ပယ်ခြင်း၊
ဆိုဒ်ရောက်ခြင်း၊
ကျင့်သုံခြင်း ဟူသည့် ကိစ္စ (၄)ရပ်တို့ကို အရိယာတို့သာ ပြုလုပ်နိုင်စွမ်းရှိသောကြောင့်
(သို့မဟုတ်) ဤကိစ္စ (၄)ရပ်တို့ကို တကယ်ဆောင်ရွက်နိုင်လျှင် အရိယာစစ်စစ် ဧကန်ပင်
ဖြစ်လေတော့သည် ဖြစ်ခြင်းကြောင့် အရိယာသစ္စာ လို့ခေါ်ပါတယ်။
တရားချစ်ခင် သူတော်စင် အပေါင်းတို့
ဤအရိယသစ္စာလေးပါးတို့၌ အရှိအတိုင်း၊ အမှန်အတိုင်း၊ သန့်ရှင်းကြည်လင်သော
ဥာဏဒဿန ကို မရသေးသမျှကာလပတ်လုံး သိဒ္ဓတ္ထဂေါတမသည်
လူ နတ် ဗြဟ္မာ သတ္တ၀ါလောက အတွင်း၌ သမ္မာသမ္ဗုဒ္ဓ ဟု ၀န်မခံခဲ့သေးပါ။
ဗုဒ္ဓမပွင့်မီ နှစ်တစ်ထောင်ခန့်ကာလက ဗုဒ္ဓကောလာဟလ ၏ နောက်မှာရောလိုက်၍
ဗုဒ္ဓအမည်ခံကြတဲ့ ဂိုဏ်းဆရာကြိးများသည် အရိယသစ္စာတို့ကို
သိလည်းမသိ၊ အရိယမဂ် လမ်းစဉ်ကို ကျင့်လည်း မကျင့်ကြပါပဲ
ဘုရားအမည်ကို ကြေညာခံယူကြခြင်း ဖြစ်ပါတယ်။
သိဒ္ဓတ္ထဂေါတမသည် အရိယမဂ် လမ်းစဉ်ကို တကယ်ချမှတ် တကယ် ကျင့်ခဲ့သည့် အတွက်
သမ္မာသမ္ဗုဒ္ဓ စင်စစ် ဧကန်ဖြစ်ပြီဟု သတ္တ၀ါလောက၌ ရဲရဲတင်းတင်း ခြေင်္သေ့မင်းကဲ့သို့
ကြေညာ ၀န်ခံခဲ့ခြင်း ဖြစ်ပါတယ်။
သိဒ္ဓတ္ထဂေါတမသည် အရိယသစ္စာတို့ကို သိကြောင်း၊ ဘုရားဖြစ်ကြောင်း
ဝန်ခံရုံသာမက “ငါရရှိတဲ့ ဥာဏဒဿန နှင့် စေတောဝိမုတ္တိ= ဥာဏ်အမြင်နှင့် စိတ်၏ လွတ်မြောက်ခြင်းတို့ဟာ ပြန်လည်၍ လျော့ပါးခြင်း၊ မှေးမှိန်ခြင်း၊
ပျက်စီးခြင်းမရှိ ပကတိခိုင်မြဲသော ဥာဏ်အမြင် အပြီးအတိုင် လွတ်မြောက်ခြင်းတို့
ဖြစ်ကြကုန်၏” ဟူ၍ မြတ်ဗုဒ္ဓက မိန့်ကြားတော်မူခဲ့ပါတယ်။
ဤသို့လျှင် မဟာသက္ကရာစ် ၁၀၃ ခုနှစ် ၀ါဆိုလပြည့်နေ့ ညနေခင်း ကာလ
ကာသိတိုင်း ဗာရာဏသီမြို့အနီး ဣသိပတနခေါ် မိဂဒါဝုန် သားပေါင်းစုံတဲ့ တောရဂုံမှာ ရှောင်ရှားရန် အစွန်းနှစ်ပါး
လိုက်နာရန် အလယ်လမ်းနှင့်
ထိုးထွင်းသိမြင်ရာ သစ္စာ(၄) ပါးတို့
ပါဝင်တဲ့ ဓမ္မစက်ကို ဟောမြွက်တော်မူပြီး ဘုရားအဖြစ်ကို ကြေညာတော်မူတဲ့အခါ
ကောဏ္ဍည
ဝပ္ပ
ဘဒ္ဒိယ
မဟာနာမ
အဿဇိ တပည့် (၅) တို့ အလွန်လျှင် နှစ်သက်ဝမ်းသာ ဖြစ်ကြပါတယ်။
ခြွင်းချက်မရှိလည်း လက်ခံကြပါတယ်။
ထိုတပည့် (၅)ယောက်တို့တွင် အရှင်ကောဏ္ဍည တစ်ပါး
အရိယသစ္စာလေးပါးကို ထိုးထွင့်သိမြင်ခဲ့ပါတယ်။
အရိယာဖြစ်ပြီးသော ထိုနေ့မှာပင် အရှင်ကောဏ္ဍည ရဟန်းပြုခဲ့ပါတယ်။
ဓမ္မရတနာသည် ဗုဒ္ဓရတနာနှင့် တပြိုင်နက်တည်းပင် ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။
ဓမ္မစကြာဟောသောနေ့မှာ သံဃာရတနာ အစဥိးစွာ ပေါ်ပေါက်လာသည်ဖြစ်ခြင်းကြောင့်
ဝါဆိုလပြည့် ဓမ္မစကြာနေ့ ၀ါဆိုလပြည့် သံဃာရတနာနေ့လို့ ဆိုရမှာဖြစ်ပါတယ်။
ဆင်းရဲဒုက္ခကြောက်ကြရင်
သစေ ဘာယထ ဒုက္ခဿ၊ သစေ ဝေါ ဒုက္ခမပ္ပိယံ။
မာကတ္ထ ပါပကံ ကမ္မံ၊ အာဝိ ၀ါ ယဒိ ၀ါ ရဟော။
သစေ ပါပကံ ကမ္မံ ၊ ကရိဿထ ကရောထ ၀ါ။
နေ၀ါ ဒုကၡာ ပမုတ်တၳိ၊ ဥေပစၥပိ ပလာယတံ။
ဆင်းရဲမှာကြောက်ရင် ၊ ဆင်းရဲဒုက္ခကို မနှစ်သက်ဘူးဆိုရင် မျက်ကွယ်မှာပဲဖြစ်ဖြစ် မျက်မှောက်မှာပဲဖြစ်ဖြစ် မကောင်းမှုတွေ မပြုမိကျစေနဲ့။ ဘုရားစတဲ့ပညာရှိသူတော်ကောင်းတွေ စက်ဆုပ်တော်မူတဲ့ မကောင်းမှု ဒုစရိုက်တွေကို အခုလည်းကျူးလွန်နေမယ်၊ နောက်လည်း ပြုကျင့်ကျူလွန်နေမယ်ဆိုရင် ဘယ်တော့မှ ဆင်းရဲ ဒုက္ခ မလွတ်ကင်းနိုင်ဘူး။ တမလွန် ပြေးလွှားသွားလည်း မလွတ်ကင်းနိုင်ဘူး ။ ဒါကြောင့်ဆင်ရဲ ဒုက္ခ တွေ့ မှာကြောက်ရင် မကောင်းမှုတွေကိုဝေးဝေးကရှောင်ရှားကြ။
မာကတ္ထ ပါပကံ ကမ္မံ၊ အာဝိ ၀ါ ယဒိ ၀ါ ရဟော။
သစေ ပါပကံ ကမ္မံ ၊ ကရိဿထ ကရောထ ၀ါ။
နေ၀ါ ဒုကၡာ ပမုတ်တၳိ၊ ဥေပစၥပိ ပလာယတံ။
ဆင်းရဲမှာကြောက်ရင် ၊ ဆင်းရဲဒုက္ခကို မနှစ်သက်ဘူးဆိုရင် မျက်ကွယ်မှာပဲဖြစ်ဖြစ် မျက်မှောက်မှာပဲဖြစ်ဖြစ် မကောင်းမှုတွေ မပြုမိကျစေနဲ့။ ဘုရားစတဲ့ပညာရှိသူတော်ကောင်းတွေ စက်ဆုပ်တော်မူတဲ့ မကောင်းမှု ဒုစရိုက်တွေကို အခုလည်းကျူးလွန်နေမယ်၊ နောက်လည်း ပြုကျင့်ကျူလွန်နေမယ်ဆိုရင် ဘယ်တော့မှ ဆင်းရဲ ဒုက္ခ မလွတ်ကင်းနိုင်ဘူး။ တမလွန် ပြေးလွှားသွားလည်း မလွတ်ကင်းနိုင်ဘူး ။ ဒါကြောင့်ဆင်ရဲ ဒုက္ခ တွေ့ မှာကြောက်ရင် မကောင်းမှုတွေကိုဝေးဝေးကရှောင်ရှားကြ။
မြတ်စွာဘုရားဗျာဒိတ်ခံယူခဲ့သည့်ဘဝ အထူးများ
ဂေါတမ ဘုရားအလောင်းသည် ဒီပင်္ကရာမြတ်စွာဘုရားမှ စ၍ ကဿပမြတ်စွာဘုရားတိုင်အောင် နှစ်ကျိပ်လေးးဆူသော မြတ်စွာဘုရားများထံ ဗျာဒိတ်ခံယူရသည်ဖြစ်ရာ ဗျာဒိတ်ခံယူခဲ့သည့် ဘဝများကို စုရုံးဖော်ပြသည်ရှိသော်-
ရသေ့ အဖြစ်(၅)ဘဝ
၁။ဒီပင်္ကရာမြတ်စွာဘုရား အထံတော်မှာ သုမေဓာရသေ့ အဖြစ်
၂။နာရဒမြတ်စွာဘုရား အထံတော်မှာ ဇဋိလအမည်ရှိသော ရသေ့ အဖြစ်
၃။အတ္ထဒဿီမြတ်စွာဘုရားအထံတော်မှာ သုသီမရှင်ရသေ့ အဖြစ်
၎။သိဒ္ဓတ္ထမြတ်စွာဘုရား အထံတော်မှာ မ၈င်္လရသေ့ အဖြစ်
၅။တိဿမြတ်စွာဘုရားအထံတော်မှာ သုဇာတရှင်ရသေ့အဖြစ်
၎င်းအပြင် ရဟန်းဘဝ(၉)ဘဝ
၁။ကောဏ္ဍညမြတ်စွာဘုရားအထံတော်မှာ ဝိဇိတာဝီစကြာမင်း ဖြစ်၍ ရဟန်းအဖြစ်ဖြင့်၎င်း
၂။မင်္ဂလမြတ်စွာဘုရားအထံတော်မှာ သုရုစိပုဏ္ဏားဖြစ်၍ ရဟန်းအဖြစ်ဖြင့်၎င်း
၃။သုမေဓမြတ်စွာဘုရားအထံတော်မှာ ဥတ္တရ အမည်ရှိသောပုဏ္ဏဖြစ်၍ ရဟန်းအဖြစ်ဖြင့်၎င်း
၎။သုဇာတမြတ်စွာဘုရားအထံတော်မှာ စကြားမင်းဖြစ်၍ ရဟန်းအဖြစ်ဖြင့်၎င်း
၅။ဖုဿမြတ်စွာဘုရားအထံတော်မှာ ဝိဇိတာဝီ အမည်ရှိသောမင်းဖြစ်၍ ရဟန်းအဖြစ်ဖြင့်၎င်း
၆။ဝေဿဘူမြတ်စွာဘုရားအထံတော်မှာ သုဒဿန အမည်ရှိသောမင်းဖြစ်၍ ရဟန်းအဖြစ်ဖြင့်၎င်း
၇။ကကုသန်မြတ်စွာဘုရားအထံတော်မှာ ခေမအမည်ရှိသောမင်းဖြစ်၍ ရဟန်းအဖြစ်ဖြင့်၎င်း
၈။ကောဏဂုံမြတ်စွာဘုရားအထံတော်မှာ ပဗ္ဗတ အမည်ရှိသောမင်းဖြစ်၍ ရဟန်းအဖြစ်ဖြင့်၎င်း
၉။ကဿပမြတ်စွာဘုရားအထံတော်မှာ ဇောတိပါလ ပုဏ္ဏားလုလင်ဖြစ်၍ ရဟန်းအဖြစ်ဖြင့် ဗျာဒိတ်ခံယူခြင်းအားဖြင့် ရသေ့အဖြစ်(၅)ဘဝ၊
ရဟန်းအဖြစ်ဖြင့်(၉)ဘဝဖြစ်လေသည်။
မှတ်ချက်။ ။လူအဖြစ်(၅)ဘဝ၊နဂါးဘဝ(၂)ဘဝ၊အဖြစ်တော်တစ်မျိုးစီဖြင့်(၃)ဘဝ တို့ကိုဆက်လက်ဖေါ်ပြမည်။
ရသေ့ အဖြစ်(၅)ဘဝ
၁။ဒီပင်္ကရာမြတ်စွာဘုရား အထံတော်မှာ သုမေဓာရသေ့ အဖြစ်
၂။နာရဒမြတ်စွာဘုရား အထံတော်မှာ ဇဋိလအမည်ရှိသော ရသေ့ အဖြစ်
၃။အတ္ထဒဿီမြတ်စွာဘုရားအထံတော်မှာ သုသီမရှင်ရသေ့ အဖြစ်
၎။သိဒ္ဓတ္ထမြတ်စွာဘုရား အထံတော်မှာ မ၈င်္လရသေ့ အဖြစ်
၅။တိဿမြတ်စွာဘုရားအထံတော်မှာ သုဇာတရှင်ရသေ့အဖြစ်
၎င်းအပြင် ရဟန်းဘဝ(၉)ဘဝ
၁။ကောဏ္ဍညမြတ်စွာဘုရားအထံတော်မှာ ဝိဇိတာဝီစကြာမင်း ဖြစ်၍ ရဟန်းအဖြစ်ဖြင့်၎င်း
၂။မင်္ဂလမြတ်စွာဘုရားအထံတော်မှာ သုရုစိပုဏ္ဏားဖြစ်၍ ရဟန်းအဖြစ်ဖြင့်၎င်း
၃။သုမေဓမြတ်စွာဘုရားအထံတော်မှာ ဥတ္တရ အမည်ရှိသောပုဏ္ဏဖြစ်၍ ရဟန်းအဖြစ်ဖြင့်၎င်း
၎။သုဇာတမြတ်စွာဘုရားအထံတော်မှာ စကြားမင်းဖြစ်၍ ရဟန်းအဖြစ်ဖြင့်၎င်း
၅။ဖုဿမြတ်စွာဘုရားအထံတော်မှာ ဝိဇိတာဝီ အမည်ရှိသောမင်းဖြစ်၍ ရဟန်းအဖြစ်ဖြင့်၎င်း
၆။ဝေဿဘူမြတ်စွာဘုရားအထံတော်မှာ သုဒဿန အမည်ရှိသောမင်းဖြစ်၍ ရဟန်းအဖြစ်ဖြင့်၎င်း
၇။ကကုသန်မြတ်စွာဘုရားအထံတော်မှာ ခေမအမည်ရှိသောမင်းဖြစ်၍ ရဟန်းအဖြစ်ဖြင့်၎င်း
၈။ကောဏဂုံမြတ်စွာဘုရားအထံတော်မှာ ပဗ္ဗတ အမည်ရှိသောမင်းဖြစ်၍ ရဟန်းအဖြစ်ဖြင့်၎င်း
၉။ကဿပမြတ်စွာဘုရားအထံတော်မှာ ဇောတိပါလ ပုဏ္ဏားလုလင်ဖြစ်၍ ရဟန်းအဖြစ်ဖြင့် ဗျာဒိတ်ခံယူခြင်းအားဖြင့် ရသေ့အဖြစ်(၅)ဘဝ၊
ရဟန်းအဖြစ်ဖြင့်(၉)ဘဝဖြစ်လေသည်။
မှတ်ချက်။ ။လူအဖြစ်(၅)ဘဝ၊နဂါးဘဝ(၂)ဘဝ၊အဖြစ်တော်တစ်မျိုးစီဖြင့်(၃)ဘဝ တို့ကိုဆက်လက်ဖေါ်ပြမည်။
Monday, 9 January 2012
ခရီး
ပန်းကြားထဲ
လွမ်းစကားချွဲ
အနမ်များ သည်းစဉ်ကကွယ်။
အဓိပတိလမ်းက အချစ်
သစ်ပုတ်ပင်ရင်းက အနမ်း
ဦးချစ်ဆို ဗာဒံပင်ရိပ်တောင်မှ
နိဗ္ဗာန်လို့ထင်တယ်။
သမုဒယ အနွယ်ကလေးတွေနဲ
လူ့ဘဝဆို အလွယ်တွေးပြီး
ဝေးရမှာကြောက်
ဆွေးရမှာ ကြောက်တာနဲ့
နှစ်ယောက်အတူနီးကြပါစို့ အချစ်ရယ်
ဖြစ်လွယ်ပျက်လွယ် လောကထဲ။
အထင်အရှား
လင်မယားရယ် အိမ်ထောင်ပြုခါမှ
လူ့ဘဝ ရေဆန်လမ်းမှာ
ပန်းများလည်း မဝေသာပါလား
အနမ်းများလည်း မချွေသားအား....
စကားဆို နှစ်ကိုကြည့်ရုံနဲ့
ဝမ်းပြည့်ကာ ကိုယ်မလှနိုင်တော့
ဘဝလေ ကမ်းက အထွက်မှာ
လှော်တက်ကို ဘွဲ့ နဲ့လဲပါလို့
ဝဲစုပ်တော့ လှေယိုင်
ပဲ့ကိုင်ရင်း လှေစောင်း
ဝမ်းခေါင်းထဲ ရေဝင်နဲ့
ခရီးစဉ်လေထန်ခိုက်
မှောင်မိုက်လို့မဲ့(မည်း)။ ။
မောင်စိန်ဝင်း(ပုတီးကုန်း)သောကခြေရာရတနာ ကဗျာစာအုပ်မှ
ဘဝဆည်းဆာ မိုးချုပ်၍လာ
အများမုန်းစရာပ
ခါးကုန်းလို့ ဆံကေဖြူ
အသက်ကြီးပြန်တော့
ပျက်စီးကိုယ်ခန္ဓာက၊
အို ဒဏ် နာ ရန်ရှာချက်ကယ်ကြောင်း
ခွေယိုင်က နေထိုင်ခက်လှတယ်။
နှောက်ယှက်ဘေးထူး။
မကြားပါ နားမှာလေးတဲ့ ပြင်
အားမပါ သွားလာနှေးပါဘိ
ဝါးတောင်ဝှေး ဖေးတွယ်ကူ
ရှေးငယ်မူ နှင့် လွန်ကွားဝေး။
အရိုးပဒေသာ ..အဖိုးဝေဒနာက
လေအလာ ကြွေကာ သက်ရှာမယ့်
နွေအခါ ရွှေဝါ ရွက်လိုပ
မြေအလွှာ ခွေကာ စက်တော့မည်ထင့်
ချောင်းတဟက်ဟက်ကယ်နှင့်
အပြောင်း ခက်ပါဘိ
( အိုကွယ်) စောင်းလျှက်မှိတ်မှေး။ ကဗျာဆရာလှသိန်း
ပိတောက်ရနံ့
တောကျောင်းလေးဝန်းကျင်သည် သံယောဇဉ်ကင်းကြောင်း လင်္ကာလေးဖြင့် ညံစီနေသည်၊ ထိုမနက်သည် ဗုဒ္ဓဘာသာရဟန်းတော်များ ၀ါလသီတင်း စတင်ဆိုရသော နေ့ထူးတစ်နေ့ဖြစ်ပါသည်၊ မြန်မာရာသီလရာ များတွင် ဘုရားရှင်၏ သားရဟန်းတော်များ ၀ါ( ၀ါသ) စတင်ဆိုရခြင်းနှင့် ပတ်သက်ပြီး ၀ါဆိုလ၊ ၀ါခေါင်လ၊ သီတင်းကျွတ်လဟု ၀ါ(၀ါသ)နှင့်ပတ်သက်ပြီး သုံးလရှိသည်၊
သီတင်းဝါလသည် သုံးလနေကြရသည်ဖြစ်သောကြောင့်၊ သုံးလတွင် အလယ် ဖြစ်သော ၀ါလကို ၀ါခေါင်လ၊ မြန်မာစကားတွင် ခေါင်သည် အလယ်ဟူသော အဓိပ္ပာယ်ကို ရစေသည်၊ အိမ်တွင် ခေါင်တိုင်သည် အလယ်က မြင့်မားသော တိုင်ကိုဆိုလိုသည်၊ သီတင်းဝါလကုန်ဆုံးပြီဆိုတော့ သီတင်းကျွတ်လဟုခေါ်ကြသည်၊ ရဟန်း တော်များဝါဆို၊ ၀ါကပ်ခြင်းနှင့် ဆက်စပ်ပြီး ရှေးမြန်မာများ ထိုသို့ ၀ါဆို၊ ၀ါခေါင်၊ သီတင်းကျွတ်ဟု မှည့် ခေါ်ခဲ့ကြသည်၊
ယနေ့ တောကျောင်းလေးတစ်ကျောင်းတွင် ၀ါဆိုရပါပြီ၊ မန္တလေးရွှေမြို့တော် နေရစဉ်ကတော့ ၀ါစဉ် အလိုက် ၀ါဆို၊ ၀ါကပ်ကြရသည်၊ ၀ါတော်ခြောက်ပါဘုရားဟု အသံအောင်သော ‘ဗျတ္တ၊ ပဋိဗလ’ ရဟန်းတော်တစ်ပါးက လျှောက် ထားလိုက်လျှင် သက်တော် ရှစ်ဆယ်ရှိပြီး ၀ါတော်ခြောက်ရရှိတော်မူသော မဟာထေရ်ကြီးတစ်ပါးမှ ‘ဣမသ္မိံ ၀ိဟာရေ ဣမံ တေမာသံ ၀ဿံ ဥပေမိ’ ဟုရွတ်ဆိုတော်မူသည်၊
ထို့နောက် အစဉ်အားဖြင့် နောက်ဆုံး ၀ါသို့ရောက်လာသည်၊ ဘုရားရှင်၏ သား ရဟန်းတော်တစ်ပါး အနေနဲ့ ပထမဆုံးဝါဆိုတော့ ရင်ခုန်မိဖူးသည်၊ သံဃာတော်များ အလည် အရွတ်၊ အဆိုများ မှားသွားလေမလားဟူသော စိတ်မျိုးကြောင့်လား၊ သို့မဟုတ် အော် ငါတော့ ဘုရားရှင် သားတော် ဦးပဇင်း အဖြစ်နဲ့ ၀ါတောင်ဆိုရပါကော ရယ်လို့ ကိုရင်ဘ၀ကို လွမ်းစိတ်ကြောင့်လား မသိ ရင်ခုန်ခဲ့ဖူးသည်ကတော့ အမှန်ပေ၊
အခုတော့ ချင်းတွင်းမြစ်နံဘေးက အိမ်ခြေ ၂၀ ကျော်ကျော်ရှိ ရွာလေး၏ ဦးထိပ်တွင် ဆောက် လုပ်ထားသော တောကျောင်းတွင်ဖြစ်သည်၊ အခုတစ်ကြိမ်ဝါဆိုရပြန်တော့လဲ ရင်ခုန်မိပြန်သည်၊ အော် မိဝေး၊ ဖဝေး၊ ဆရာသမားဝေးတဲ့ တောကျောင်းလေးမှာ တစ်ယောက်တည်း ၀ါဆိုရပြန်ပြီကောရယ်လို့၊
‘ကဲ ဒကာကြီး၊ ဒကာမကြီးများ အခုန ဦးဇင်းဆိုပြလိုက်တဲ့ မြန်မာလင်္ကာလေးက ဘာပြောတာတုန်းဆိုတော့၊ သံယောဇဉ်ဆိုတာ မကောင်းဘူးလို့ ဆိုလိုပါတယ်၊ အဲလိုမကောင်းတဲ့ သံယောဇဉ်ကို ဖယ်ဖျက်ချိုးနှိမ်ရမယ်၊ သံယောဇဉ်ကင်းသွားရင်၊ အမြင်တွေလဲ ရှင်းသွားပါလိမ့်မယ်လို့ ဆိုလိုတာနော်၊ သံယောဇဉ်က ဆယ်မျိုးတောင် ရှိတယ်၊ ဆယ်မျိုးကို ထားလိုက်တော့၊
အဲဒီသံယောဇဉ်ဆိုတဲ့ စကားလုံးလေးရဲ့ အဓိပ္ပာယ်ကိုပြောပြမယ်၊ ဟောဒီ ဦးဇင်းကိုင်ထားတဲ့ ယပ်တောင်နဲ့ စားပွဲပေါ်က ရေခွက်လေးကို ကြိုးချည်လိုက်တယ်ဆိုကြပါစို့၊ အဲလိုချည်ထားပြီး ယပ်တောင်လေးကို ဆွဲလိုက်ရင်၊ ရေခွက်လေး လှုပ်မယ်၊ အဲလိုပဲ ရေခွက်လေးကို မလိုက်ရင် လဲ ယပ်တောင်လေး ပါသွားမယ်၊ ဘာလို့တုန်းဆိုတော့ ယပ်တောင်နဲ့ ရေခွက်အကြား ကြိုချည်ထားလို့ လို့ မှတ်ပါ၊
အဲဒီကြိုးလေးကို သံယောဇဉ်လို့ခေါ်လိုက်ပါ၊ တစ်ခုနဲ့ တစ်ခု ချည်မထားရင်ဘာမှမဖြစ်ပါဘူး၊ သံယောဇဉ် ဆိုတဲ့ ကြိုးက သက်ရှိကိုလဲ ချည်တယ်၊ စွဲတယ်၊ သက်မဲ့ကိုလဲ ချည်နှောင်တတ်၊ စွဲတတ်ပါတယ်၊
ဥပမာပြောပြမယ်၊ အမေရိကန် သမ္မတကြီးကခိုင်းလို့ သူ့စစ်သားတွေက အီရတ်က လူတွေကို သေနတ်နဲ့ ပစ်တာ နေ့တိုင်းသေကြတယ်၊ ထောင်ချီရှိနေပြီ၊ ဟောဦးဇင်းတို့၊ ဒကာကြီး၊ ဒကာမကြီးတို့ မတုန်လှုပ်ဘူး၊ သူတို့နဲ့ ကိုယ်တို့နဲ့ ကကြိုးနဲ့မှ ချည်မထားတာကိုး၊
ကဲ နောက်တစ်ခုကြတော့ မြန်မာပြည်အောင်ပိုင်း ငလျှင်လှုပ်လို့ဆူနာမီထ၊ ရေတွေကြီးပြီးလူတွေသေတော့ နဲနဲ တုန်လှုပ်တယ်၊ ဘာလို့ဆိုတော့ အော် တို့နိုင်ငံသားတွေ ဒုက္ခရောက်နေကြပါလားလို့ သိတဲ့ အသိလေးဆိုတဲ့ ကြိုးချည်ထားလိုက်လို့ပါ၊
ကိုင်း အခုနေများ ခန္တီးမြို့ပေါ်က ကိုယ်နဲ့ သိတဲ့လူတစ်ယောက် ဆုံးသွားတယ်ဆိုကြပါစို့၊ အော် သူကတော့ ငါနဲ့ အတော်ရင်းနှီးတယ်၊ လုပ်ငန်းလုပ်ဖော်ကိုင်ဖက်ပါလားလို့ သိပြီး တွေးတွေးပြီး တုန်လှုပ်တယ်၊ နေမထိ ထိုင် မသာတောင်ဖြစ်ကြမယ်၊
အဲ.. ကိုယ်မိသားစုထဲက တစ်ယောက်လောက်ဆုံးလိုက်ရင် ငိုရပြီကော၊ ပူဆွေးရပြီကော၊ ဘာလို့ဆိုတော့ ကိုယ်နဲ့ သူနဲ့အကြားမှာရှိတဲ့ ကြိုးကို ဆောင့်ဆွဲလိုက်သလိုဖြစ်တာ၊ အဲဒါ သက်ရှိပေါ်မှာ စွဲတဲ့ အစွဲ၊
သက်မဲ့အရာဝတ္တု အပေါ်စွဲတာပြောရရင်၊ ဒကာကြီးတို့၊ ဒကာမကြီးတို့ ကြားဖူးကြပါလိမ့်ယ်၊ ဘကြီးအောင် ညာ တယ်ဆိုတာလေ၊ ကြားဖူးကြတယ်နော်၊ အဲ. အဲဒီဇာတ်လမ်းထဲမှာဘုန်းကြီးကျောင်းသားလေး
မောင်ချစ် ရယ်၊ ပန်းပုထုတဲ့ ရွာလည်က ဦးအောင်ချိမ့်ရယ်၊ ပြီးတော့ မင်းသမီး အရုပ်လေးရယ်ပေါ့၊
မောင်ချစ်က နေ့စဉ် ပန်းပုဆရာကြီးဦးအောင် အိမ်ရှေ့ကနေကျောင်းကို ဖြတ်ဖြတ်ပြီး သွားရပါတယ်၊ တစ်နေ့ ကျတော့ ဦးအောင်က သစ်သားလေးတစ်ခုကို ပန်းပုစတင်ပြီး ထုတယ်ပေါ့၊ မောင်ချစ်ကမေးတယ်၊ မင်းသမီး အရုပ်ကလေးထုမယ်လို့ ပြောလိုက်တယ် ဘကြီးအောင်က၊ နှစ်ရက်လောက်နေတော့ မင်းသမီးပုံလေးက လှလာတယ်၊ မောင်ချစ်က လိုချင်တယ်၊
အဲဒါနဲ့ရောင်မလားမေးလိုက်တာ၊ ရောင်းမယ်တဲ့၊ ဘယ်လောက်လဲမေးတော့ တစ်ကျပ်တဲ့၊ တစ်ကျပ် နဲ့ ရောင်းမှာဆိုတော့ မောင်ချစ်ခများ တစ်နေ့ တစ်နေ့ရတဲ့ မုန့်ဖိုးလေးကိုစုထားတာ၊ မစားရက် မသောက်ရက် ပေါ့၊ အငတ်ခံပြီးစုရတာပါ၊
တစ်ကျပ်ပြည့်လုလုမှာ ဘကြီးအောင်က မင်းသမီးရုပ်ကလေးကို မြို့ပိုင်းမင်း ကို ရောင်း လိုက်ပါ တယ်၊ မောင်ချစ်ခများ ဘယ်လိုပြောရမှန်းမသိဘူးဖြစ်သွားတယ်၊ မြို့ပိုင်မင်းဆီကနေ လုရအောင်လဲ မြို့ပိုင်း မင်းမှာက သေနတ်ကြီးနဲ့ဆိုတော့ မလုရဲဘူးပေါ့၊
ဒီလိုနဲ့ အိမ်ပြန်လာပြီး၊ ထမင်းလဲ မစားဘူး၊ ကျောင်းလဲမသွားတော့ဘူး၊ ဘာမှလဲမေးလို့မရတော့ဘူး၊ ဒီလိုနဲ့မောင်ချစ်လေး ဆုံးသွားပါတယ်၊ မောင်ချစ်ဆုံးတယ်ကြားကြတော့ လာမေးကြတဲ့ အထဲမှာ ပန်းပု ဆရာကြီး ဦးအောင်ချိမ့်လဲပါလာပါတယ်၊ မောင်ချစ်အမေကို မေးပါတယ်၊
မောင်ချစ်လေး ဟိုနေ့ကတောင် ငါနဲ့စကားပြောလိုက်သေးတယ်၊ ဘယ်လိုဖြစ်တာတုန်းမေးတာပေါ့၊ ဒီတော့မှသူ့ အမေက ဘကြီးအောင်ရယ် ကျုပ်သားလေး မသေခင်ပြောတာကတော့ ဘကြီးအောင်ညာ တယ်ပဲ ပြောပါတယ် ဘကြီးအောင်ရယ်တဲ့၊
ကဲ… သဘောပေါက်ပြီထင်တယ်၊ မောင်ချစ်လေး ဘာလို့ သေတာတုန်းမေးရင် လိုချင်တာ မရလိုက်လို့၊ ဘယ်လောက်လိုချင်နေတုန်းမေးရင် သံယောဇဉ်ဖြစ်ပြီး လိုချင်တောပေါ့၊ သံယောဇဉ်ဆိုတဲ့ကြိုးက သက်ရှိကို လဲ ချည်တယ်၊ သက်မဲ့ကိုချည်တယ်၊ ဒါကြောင့် သံယောဇဉ်မထားနဲ့လို သူတော်ကောင်းတွေက မိန့်ခဲ့ကြတာပေါ့၊ ပြောခဲ့ကြတာပေါ့၊
လူ့လောက၊ လူ့ဘ၀ထဲရောက်လာတာ ကံပေးလို့ပါလား၊ ကံပေးလို့ရ၊ ကံကြုံလို့ ဆုံကြရတဲ့ အဖြစ်တွေလို့ သိလိုက်ရင် သက်သာပါတယ်၊ ကိုယ့်ဘ၀ကို သက်သာအောင်နေတတ်ရမယ်၊ နောက်ဆုံး သံယောဇဉ်တွေ မရှိတော့တဲ့ ကြိုးတွေကင်းတဲ့ အငြိမ်းဓာတ်ကို ရအောင်အားထုတ်နိုင်ရမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးရှိရမယ်၊ ကျင့်ရမယ်ပေါ့၊
လာတုန်းကလဲ တစ်ယောက်တည်းနော်၊
လက်တွဲခေါ်ကာ ဖော်မပါဘူး၊
ဥစ္စာချည်းနှည်း၊ ကိုယ်ထည်းတည်း၊
ပြန်သွားတော့လဲ တစ်ယောက်တည်းနော်၊
လက်တွဲခေါ်ကာဖော်မပါဘူး၊
ဥစ္စာချည်းနှည်းကိုယ်ထည်းတည်း၊
လာပြီးတော့နား၊ မသွားသေးခင်၊
ချိန်လေးတွင်မှ၊ ၀န်းကျင်ယှက်နွှယ်၊
နှောင်ကြိုးသွယ်ကြ၊ ပြုံးရယ် မဲ့ငို၊
ချစ်မုန်းပိုကြ၊ မလိုဒေါသ၊
လိုလောဘဖြင့်၊ ဘ၀ဇာတ်ခုံ၊
ကကြိုးစုံခဲ့၊ ကံကုန်မိုးချုပ်၊
သုတ်သုတ်ဆောလျင်၊ ခရီးနှင်သည်၊
တို့လျှင်ဧည့်တို့ပါတကားလို့။
တောကျောင်းလေးဝန်းကျင်သည် သာဓုသံဖြင့် လှိုင်နေသည်၊ ၀ါဆိုမိုးဦးတို့လဲ ပြိုတော့ မယောင် ဟန်ဆောင်လျှက် တိမ်ကွန်ယက်ဖွဲ့နေသည်၊ လျှပ်ပန်း ဇာချည်တို့က တောင်ရိုးပေါ်တွင် ကခုန်နေသည်၊ တရားပွဲပြီးဆုံးသဖြင့်သတ္တ၀ါ အနန္တတို့အား ကြေးစည်ရိုက် အမျှဝေလိုက်သံသည် တောထပ်ထပ်၊
တောင် အသွယ်သွယ်မှသည် ချင်းတွင်းမြစ်ရိုးတစ်လျှောက် စုန်ဆန်နေတော့သယောင်...။
Subscribe to:
Posts (Atom)