နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
ပိတောက်အိမ် မှ နွေးထွေးစွာကြိုဆိုပါသည်

Wednesday, 11 January 2012

မိဘကျေးဇူးဆပ် ကေဒါရ ကျေးမင်းဇာတ်

                                                                                 လူတိုင်လူတိုင်းမှာ အမိအဖ ဆိုတာ ရှိကြပါ၏။ အမိသည် သားသမီး သန္ဓေတည်းနေပြီဟု သိသည့်နေ့မှစ၍
သွားမှု၊ လာမှု၊ နေထိုင်မှု စားသောက်မှု စသည်တို့ကို သတိကြီးစွားဖြင့် သန္ဓေ        အန္တရာယ်    မရှိစေရန် ရှောင်ကြဉ်နေရ၏။ ချောမွေ့စွာလူ့လောက သို့ ဝင်ရောက်လာသောအခါမှာလည်း နို့ချိုတိုက်ကျွေးရသည်မှအစ သားငယ်သမီးငယ်တို့၏ အညစ်အကြေးဟူသမျှတို့ကို ကိုင်တွယ်၍ ပြုပြင်ရ ကျွေးမွေးရသည်မှာလည်းနေတတ်ထိုင်တက်သည့် အရွယ်ရောက်အောင်ပင် ပြုပြင်လုပ်ကိုင်ပေးရသည်။ ဤကဲ့သို့ ပြုပြင်လုပ်ကိုင်ပေးရသည့် အတွက် သားငယ်သမီးငယ်တို့၏ အညစ်အကြေးများသည် မသိမသာ မိခင်၏လက်သို့ ကပ်ပါလာပြီးလျှင် မိခင်၏ ဝမ်းတွင်းသို့ ဝင်ရောက်ခဲ့သည်မှာ (တစ်ကျပ်သား)ထက် နည်းပါးလှမည်မဟုတ်ပေ။ ထို့ကြောင့် တစ်ယောက်မွေးဖွား တစ်ကျပ်သား ဝင်ငြား မိခင်ဝမ်း ဟူ၍ အမိအဖတို့၏ ပြုစုခဲ့ရပုံ ကျေးဇူးကြီးမားခဲ့ပုံတို့ကို မှတ်တမ်းတင်ခဲ့ကြပေသည်။ဖခင်ကလည်း အထူးစောင့်ရှောက်ရ၏။
                ဤကဲ့သို့ အမောင်တို့ အမိတို့ အပေါ်၌ အမောင်တို့ အမိတို့၏ မကောင်းဆိုးဝါး အညစ်အကြေးတွေ စင်ကြယ်အောင်သန့်ရှင်း ပြုစုခဲ့ရပုံတွေကိုလည်းကောင်း၊ အမောင်တို့ အ မိတို့ အတွက် အစားအသောက် ရှောင်ကြဉ်၍အငတ်ခံနေခဲ့ကြရပုံတွေကိုလည်းကောင်း၊အမောင်တို့ အမိတို့ အလိုလိုက်ပြီး အကြိုက်ကိုသာပေးခဲ့ရပုံတွေကိုလည်းကောင်း ၊ အရွယ်ရောက်လာပြန်က မစားရက် မသောက်ရက် စုဆောင်းထားခဲ့ကြသော ဓနငွေကြေးများစွားကို အကုန်အကျခံ ပညာသင်စေခဲ့ရပုံတွေကိုလည်းကောင် ၊ ရှေးအခါက ငယ်သေး၍ ယခု အခါ အရွယ်ရောက်လာပြီးဖြစ်၍ သိသင့်ကြပါပြီ။ 
               အကယ်၍ မိဘကျေးဇူးကိုပြန်မဆပ် မူ ထိုသူသည် မာတာပိတု ဥပဋ္ဌာနံ မင်္ဂလာကင်းမဲ့၍ အ မင်္ဂလာ =မင်္ဂလာမရှိသောသူများဖြစ်ရာကား ပစ္စုပ္ပန် တမလွန်လောက၌ ချမ်းသာသုခ မင်္ဂလာကို မခံစားရတော့ပဲ ကြီးလေးသော ဒုက္ခနှင့်ရင်ဆိုင်ရတော့မှာ မလွဲနိုင်ပေ။ ထို့ကြောင်....
  ကျေးဇူးကြွေး နှင့် ငွေးကြေး နှစ်ရပ် ပြန်မဆပ်သူ အားလုံးလူ လူမွဲဘဝတိုင်း ဟူသော သတိပေးချက်ဆောင်ပုဒ်ကို ရှေးဆရာတို့ရေးသားထားခဲ့ကြပေသည်။
       နှစ်ပေါင်းများစွာကုန်ဆုံးခဲ့ပြီးဖြစ်သော ရှေးအခါက မာဂဓတိုင်း ရာဇဂြိုဟ် မြို့တော်ကြီး နှင့် အလွန်ဝေးကွားလှသော အရှေ့မြောက်အရပ်၌ သာလိဒ္ဒိယ အမည်ရှိသော ပုဏ္ဏားရွာကြီးတစ်ရွာ ရှိခဲ့ဖူး၏။ 
     ထိုရွာကြီး၌ ကောသိယမည်သော ပုဏ္ဏားကြီးသည် သလေစပါးတို့ကို ပါယ်တစ်ထောင် စိုက်ပျိုးလုပ်ကိုင်၍ နေထိုင်လေသည်။ ကောသိယ ပုဏ္ဏားကြီးသည် အိမ်ရှိ သူစာရင်းငှားတို့ကို ပါယ်ငှားရာစောင့်ရှောက်စေ၍ ကျန်သော ပါယ်ငါးရာ တို့ကိုအခစားပေး၍ စောင့်ရှောက်စေ၏။
      အလောင်းတော်ကျေးမင်းသည်လည်း လယ်တောနှင့် တစ်စပ်တည်းဖြစ်သော တောအတွင်း လက်ပံတောဝယ် အရံကျေးငှက်ပေါင်း ငါးရာ နှင့်တကွ မိဘများပါ အတူနေထိုင်ကြလေသည်။
            တစ်နေ့သ၌ ခြွေရံကျေးငှက်တို့၏ ပြောဆိုချက်အရ သလေးစပါးများ မှည့်ဝင်းပြီးဖြစ်သော ကောသိယ ပုဏ္ဏားကြီး၏ သလေးလယ်သို့ ကျေးငှက်ပေါင်းစွာနှင့်တကွ ပျံသန်း၍စားသောက်ကြလေ၏။အခစားလယ်စောင့်ယောက်ျားသည်လည်း အမျိုးမျိုးခြောက်လှန့်ပါသော်လည်း မရ။ အခြားသော ကျေးသားများမှာ မိမိတို့တစ်ဝမ်းတစ်ခါးဝလျှင် ပျံသွားကြပါသော်လည်း အလောင်တော်ကျေးမင်းမှာမူကား မိမိစားပြီးသော်လည်း အိုးမင်းပြီးဖြစ်၍ အစာမရှာနိုင်သော အမိအဖများအတွက် နှုတ်သီးနှင့် တစ်ချို့ ခြေနှင့် တစ်မျိုး သယ်ယူ၍ပျံသွားလေသည်။
    အခစားလယ်စောင့်ယောက်ျားသည် လယ်မှာ ကျေးသားတွေလာစားကြောင်း၊ ထိုအထဲတွင် လှလည်းလှ
ကြီးလည်းကြီးမာသော ကျေးသားတစ်ကောင်ကမူ စားရုံသာမဟုတ်ပဲ သလေးအချို့ကို ကိုက်ချီ၍ သယ်ယူသွားကြောင်း စေ့ငှစွာ ကောသိယပုဏ္ဏားကြီးအားပြန်ပြော၏။ သို့ဖြစ်မူ ထိုကျေးကို အရှင်မိအောင်ဖမ်းဟု  ပုဏ္ဏားကြီးက စေခိုင်းသဖြင့် အမျိုးမျိုးထောင်ဖမ်းရာ တစ်နေ့သ၌ ကျေးမင်းသည် အမိခံလိုက်ရလေသည်။မိသောအခါ ပုဏ္ဏားကြီးအားဆက်သလိုက်လေသည် ။ကောသိယပုဏ္ဏားကြီးက ကျေးမင်းအား
         ၁။အို...လှပသော အမွေးအတောင် ၊ လှပသော နှုတ်သီး ၊ လှပသော မျက်လုံးရှိ၍ ချစ်စရာကြည်ညိုစရာကောင်းလှသော အမောင်ကျေးသား ။အခြားကျေးသားတို့မှာ ကိုယ့်ခန္ဓာနှင့် ဝမ်း မျှတလိုက်လျောကြပါလျှက် အမောင်၏ဝမ်းကာ ကိုယ်နှင့်မလိုက်အောင် ကြီးမားကျယ်ပြန့် လှသည်ဟု ထင်မိ၏။ အကြောင်းမူ..စားရုံသာမဟုတ် နှုတ်သီးဖြင့်သယ်ယူသွားရသောကြောင့် ဖြစ်၏။
   ၂။ မြရည်လိမ်းသုတ် စိမ်းစိုလှပသော အမွေးအတောင်ရှိသော အမောင်ကျေးသား သင်တို့
နေအိမ် လက်ပံပင်၌စပါးထည့်ထားရန် ကျီများဆောက်ထား၍ ကျီတွင်း၌ စပါးသွင်းရန် နှုတ်သီးဖြင့် သယ်ယူရပါသလော။
      ၃။ အိုး..လက်ပံတော၌ ချစ်စရာကောင်းလှသော ကျေးသားမောင် အမောင်ကျေးသားနှင့် ကျွန်ုပ် ရန်သူဖြစ်၍ ဖျက်လိုဖျက်ဆီးဖြစ်၍ ပြုလုပ်ချင်းဖြစ်ပါသလော။
              ထိုအခါ ဘုရားလောင်းကျေးမင်းက  ..ကရုဏာနှင် မေတ္တာမိုးရေ စိုပြေလှသော အို....ကောသိယပုဏ္ဏားကြီး စပါးထည့်ရန် ကျီးကျ လည်းမရှိပါ။ ကျွန်ုပ်နှင်သင်သည် မည်သည့်အခါမျှ ရန်သူလည်းမဖြစ်ခဲ့ဘူးပါ။ ကျွန်ုပ် ယူဆောင်သွားသောစပါးနှံများမှာ အချို့ကိုလည်းကြွေးဟောင်းဆပ်ပါတယ်။အချို့ကို ကြွေးသစ်ချပါတယ်။အချို့ကိုလက်ပံတော၌ပင်သုံးစွဲ၍ မကုန်နိုင်သောရွှေအိုးကြီးများကို မြုပ်နှံ၍ထားရပါသည်..ဟု ရှင်းလင်းစွာပြောကြာလိုက်၏။
     ကောသိယ ပုဏ္ဏားကြီးသည် ဖြေကြားမှုကို နားမလည်းသင်ဖြင့်...အမောင်ကျေးသား ကြွေးဟောင်းဆပ်ပုံကိုလည်းကောင်း၊
ကြွေးသစ်ချပုံကိုလည်းကောင်း၊ရွှေအိုးမြုပ်နှံရပုံကိုလည်းကောင်း ရှင်လင်းစွာပြောပြပါဟု ပြောဆိုသောအခါ
                 ကျေးမင်းက...အို...တရားပြည့်ဝလှသော ကောသိယပုဏ္ဏားကြီး ကြွေးဟောင်ဆပ်ရသည် ဆိုသည်မှာ သားငယ်သမီးငယ်တို့ ငယ်ရွယ်နုနယ်သောအချိန်ကာလက ကျေးဇူးရှင် အမိအဘတို့ ပြုစုခဲ့သော ကျွေးမေးခဲ့သော ကြွေးဟောင်းတွေဟာ သားသမီးများအပေါ်မှာ အမြဲတင်ရှိနေပါသည်။သားသမီးများ အရွယ်ရောက်သောအခါ (ကျွေးတုံ့၊ကျွေးလှဲ့။ပြုတုံ့၊ပြုလှဲ့)ဆိုသလို အမိအဖတို့ ပြုစုခဲ့ ကျွေးမွေးခဲ့တဲ့ ကျေးဇူးတွေကို ကြွေးဟောင်းဆပ်ရသလို ပြန်လည်၍ ကျွေးမွေးပြုစုရတာကို ကြွေးဟောင်းဆပ်သည်ဟုဆိုလိုပါသည်။
         အမိအဖတို့၏ ပြုစုခဲ့ကျွေးမွေးခဲ့သော ကြွေးဟောင်းတွေကို ပြန်လည်၍ လုံးဝမဆပ်ပဲ ကြွေးတင်ခံ၍နေကြသော သားသမီးတို့မှာ ကြွေးမကြေသော သားသမီး၊ကျက်သရေမင်္ဂလာကင်းမဲ့သော သားသမီးဆိုး သားသမီးယုတ်များဖြစ်ကြ၍ အသက်ရှည်သမျှကာလပတ်လုံးချမ်သာသုခခံစားခွင့်မရနိုင်ပါ။ဘယ်လိုပင် ပစ္စည်းဥစ္စာရှာဖွေစုဆောင်းပါသော်လည်း (သောင်ပြင် ရေမတင်သကဲ့သို့) ဖြစ်တတ်ခြင်း ချမ်းသာသုခခံစားခွင့် မလုံလောက်ခြင်း၊လူနတ်မုန်းကြခြင်း၊ကဲ့ရဲ့ခြင်း။နှောက်ယှက်သူပေါများခြင်းစသောဆိုးဝါးလှသော
အပြစ်အနားအဆာတို့သည် ကျေးဇူးမဆပ်၊ကြွေးမကျေသောသူတို့မှာ ဝဝိုင်းဝိုင်လည်း၍သာနေတတ်ပါသည်။
  သို့ဖြစ်၍ အရေးကြီးဆုံး မိဘကြွေးကို ဦးစားပေးဆပ်ရပါသည်။ဆပ်၍မကျေနိုင်သော်လည်း တတ်နိုင်သလောက် ဆပ်နေရပါသည်ဟု ရှင်းပြလိုက်လေသည်။
   ကြွေးသစ်ချပေးသည်ဆိုသည်မှာ..ငယ်ရွယ်သောသားငယ်သမီးငယ်တို့ကို ကျွေးမွေးရ ပြုစုရသည်ကို
ကြွေသစ်ချသည်ဟုဆိုလိုပါသည်။ထပ်၍ရှင်းပြဦးအံ့ ..သားငယ်သမီးငယ်တို့  အရွယ်ရောက်သောအခါ      ကျွေးမွေးခဲ့သော မိအိုဖအိုတို့အား အတုံ့အလှဲ့ ကျွေးမွေးပြုစုစေရန် သားငယ်သမီးငယ်တို့အား တင်ကြို၍ ကျွေးမွေးထားရသည်ကို ကြွေးသစ်ချသည်ဟုဆိုလိုပါသည်။
   ရွှေအိုးမြုပ်သည်ဆိုရာမှာ..လက်ပံပင်တော၌ ကျွေးမွေးသူ စောင့်ရှောက်သူ ကင်းမဲ့သောငှက်များ၊ အိုမင်းမစွမ်းနိုင်သောငှက်များ၊ မကျန်းမာသောငှက်များ အသီးသီးရှိကြပါကုန်၏။ ထိုငှက်တို့အား ကျွန်ုပ်ချီယူခဲ့သော စပါးနှံများမှ အချို့ကို ခွဲဝေ၍ လှူဒါန်းကြွေးမွေးရသည်ကို သုံးစွဲ၍ မကုန်သော ရွှေအိုးများ မြုပ်သည်ဟု ဆိုလိုပါသည်။
       ဤကဲ့သို့ အလောင်းတော် ကေဒါရကျေးမင်းက ရှင်းပြလိုက်သောအခါ ကောသိယပုဏ္ဏားကြီးသည် လွန်စွာသဘောကျလှသဖြင့်  ဤကျေးငှက်၏စကားများသည် လွန်စွာပင် မှန်ကန်ကောင်းမွန်လှပေ၏၊ တန်ဖိုးရှိလှပေစွ၊အတုယူသင့်လှပါပေစွတကား၊ ဤကျေးငှက်သည် ကောင်းသောကိုယ်ကျင့်တရားရှိပါပေစွတကား။
  ကောသိယပုဏ္ဏားကြီးသည် အလောင်းတော်ကျေးမင်း၏ စကားများကို အလွန်နှစ်သက်မြတ်နိုးလှသောကြောင့် ကျေးသားတို့၏ အစာ အလို့ငှာ ပါယ်တစ်ထောင် စပါးခင်းလယ်ကို လှူဒါန်းလိုက်လေတော့သည်။
                   အလောင်းတော်ကျေးမင်းသည်ကား(ရှစ်ပါယ်)မျှသာ ယူပြီး အကျန်ကိုမူ ပုဏ္ဏားကြီးအားပြန်ပေးခဲ့၏။ အလောင်းတော်ကျေးမင်းက ပုဏ္ဏားကြီးအား....ပုဏ္ဏားကြီး..အမိအဖတို့ကို ပြုစုလုပ်ကျွေးရန် မမေ့ပါနှင့်..ဟုတရားဟောပြီးလက်ပံတောသို့ပြန်သွားလေးတော့သတည်း။
     လူ့ခေတ်မကုန်ဆုံးသမျှ ကျွေးမွေးမှု ထောက်ပံ့မှု ကူညီစောက်ရှောက်မူ နှစ်စဉ်ဝါဆိုဦး၊သီတင်းကျွတ်၊မဟာသင်္ကြန်အခါတို့၌သက်ကြီးမိဘဆရာသမား
ကန်တော့မှုစသည်တို့ကိုပြုလုပ်ကြစေရန်အတွက်လည်းကောင်း၊မိခင်ဖခင်တို့၏ကျေးဇူးတရားကို
နားလည်းစေရန်လည်းကောင်း ဤကေဒါရဇာတ်တော်ကိုတင်ပြလိုက်ရပါသည်။


                





                                                                      အချိန်မလွန်ခင်သိစေချင်ပါသည်


No comments:

Post a Comment